ဖားကန့်မှာ ကေအိုင်အိုနှစ်ပတ်လည်ပွဲ တိုက်ခိုက်ခံရပြီးနောက် ဆေးဝါးကို တင်းကျပ်စစ်ဆေး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ (၉) နယ်မြေ အနန့်ပါမှာ အစုလိုက်အပြုံလိုက် လူသေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီးနောက် ဖားကန့်မြို့ပေါ်မှာ စစ်ကောင်စီက တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

ဖားကန့်မြို့အား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ (၉) နယ်မြေ အနန့်ပါမှာ အစုလိုက်အပြုံလိုက် လူသေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပြီးနောက် ဖားကန့်မြို့ပေါ်မှာ စစ်ကောင်စီက တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီးနောက် ဖားကန့်မြို့ပေါ်က စစ်ကောင်စီဂိတ်နဲ့ ရဲစခန်း ဂိတ်တွေမှာ လမ်းသွားလမ်းလာတွေကို ဆေးဝါးပစ္စည်းတွေကအစ တင်းတင်းကျပ်ကျပ် စစ်ဆေးနေသလို မြို့တွင်းလမ်းမပေါ်တွေမှာလည်း ရှောင်တခင် စစ်ဆေးတာတွေရှိတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့က ဖုန်း၊ အိတ်တွေမှာ ရှာတယ်၊ ဆိုင်ကယ် တူးဘောက်တွေမှာလည်း ရှာတယ်။ အိမ်မှာ ဖျားနာတဲ့သူရှိလို့ ဆေးဝယ်သွားရင်တောင် သူတို့က မေးတယ်၊ ဘာလုပ်ဖို့လဲ၊ ဘာအတွက်လဲ မေးတာပေါ့။ အရင်က အဲလောက် မစစ်ဘူး၊ လက်နက်တွေ ဘာတွေ လောက်ပဲစစ်တာ အခုက ခေါင်းကိုက်ပျောက်ဆေးတောင် စစ်တယ်”

ဖားကန့်မြို့ပေါ်မှာ နေ့ညမရွေး ရေမဆေးသမားတွေ သွားလာနေကြပေမယ့် ပြီးခဲ့တဲ့ အနန့်ပါ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီးနောက် ည ၆ နာရီလောက်ဆို ဆိုင်တွေလည်းပိတ်၊ လမ်းမပေါ်မှာ သွားလာတဲ့သူလည်း မရှိတော့ဘူးလို့ ဒေသခံက ဆိုပါတယ်။

ဒါ့အပြင် ဖားကန့်မြို့မှာ အောက်တိုဘာ ၂၅ ရက်နေ့ကစပြီး ည ၆ နာရီနောက်ပိုင်း အပြင်မထွက်ကြဖို့ KIA က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org