ပဲခူးတိုင်း ရေဘေးဒဏ်ကြောင့် လူတစ်သောင်းကျော် ရွှေ့ပြောင်း

ပဲခူးတိုင်းဒေသကြီးမှာ အခုရက်ပိုင်း အတွင်း မိုးကြီးလွန်းတာကြောင့် မနေ့က စပြီး တောင်ငူ၊ ရေတာရှည်နဲ့ ဆွာမြို့ နယ် ဒေသခံကျေးရွာတွေက လူပေါင်းတစ်သောင်းကျော်လောက် ရေဘေးလွတ် ရာ ပြောင်းရွှေ့နေရပြီး ရေဘေးကြောင့် လူ ၂ ဦး သေဆုံး ခဲ့ပါတယ်။

စစ်တောင်းမြစ်ရေတက်သဖြင့် အောက်တိုဘာလ ၃၁ ရက်နေ့က တောင်ငူမှာရေကြီးနေစဉ် photo: RFA/ Win Naung Toe

ပဲခူးတိုင်းဒေသကြီးမှာ အခုရက်ပိုင်းအတွင်း မိုးကြီးလွန်း တာကြောင့် မနေ့ကစပြီး တောင်ငူ၊ ရေတာရှည်နဲ့ ဆွာမြို့နယ် ဒေသခံကျေးရွာတွေက လူပေါင်း တစ်သောင်းကျော်လောက် ရေဘေး လွတ်ရာ ပြောင်းရွှေ့နေရပြီး ရေဘေးကြောင့် လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

တောင်ငူမြို့နယ်အတွင်းက ရေလွှမ်းမိုးမှုတွေနဲ့ ပတ်သက်လို့ ရေဘေးကယ်ဆယ်ရေးကို ဦးဆောင်ကူညီနေတဲ့ တောင်ငူမြို့ နယ် မီးသတ်ဦးစီးမှူး ဦးခင်မော်က RFA ကို အခုလို ပြောပါတယ်။

“အဲဒီရေတက်တဲ့ နေရာတွေမှာပေါ့နော်၊ ယာယီစခန်းလေးတွေ ဖွင့်ပေးထားတယ်၊ ဒုက္ခသည်စခန်းက လက်ရှိတော့ ၂၁ ခုရှိတယ်ခင်ဗျ၊ ကူညီပြောင်းရွေ့မှုတွေ လုပ်ပေးပါတယ်”

စစ်တောင်းမြစ်ရေ မြင့်တက်မူကြောင့် တောင်ငူမြို့က ရပ်ကွက် ၁ ၊ ၈၊ ၉ ရပ်ကွက်တွေနဲ့ တောင်ငူမြို့နယ် ပထန်းပင်ရွာ၊ မိုးကောင်းရွာ၊ အရှေ့ဆင်ရွာစတဲ့ ကျေးရွာတွေ ရေနစ်မြုပ်နေပါတယ်။ ရေတာရှည်မြို့မှာ ရေကြီးလွန်းတာကြောင့် မနေ့က ဒေသခံနှစ်ဦး သေဆုံးခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ရေကြီးမှုဟာ ပြီးခဲ့တဲ့ ဆယ်နှစ်လောက်အတွင်း အကြီးမားဆုံးရေကြီးမှုလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org