ငြိမ်းချမ်းရေး ရန်ပုံငွေ အလှူခံ

မြန်မာအစိုးရက ငြိမ်းချမ်းရေးလုပ်ငန်း စဉ် အောင်မြင်ရေးအတွက် ရန်ပုံငွေ ပါဝင်လှူဒါန်းကြဖို့ ပြည်သူလူထုကို ဇန်နဝါရီ ၁ဝ ရက်နေ့ မနေ့က ကြေညာချက်တစောင် ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

ငြိမ်းချမ်းရေလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Joint Coordinating Body for Peace Process Funding-JCB) ဖွဲ့စည်းရေးဆိုင်ရာ အစည်းအဝေးကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့က နေပြည်တော်၊ သင်္ဂဟဟိုတယ်မှာကျင်းပစဉ် Photo: Myanmar State Counsellor Office

မြန်မာအစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ရန်ပုံငွေ ပါဝင်လှူဒါန်းကြဖို့ ပြည်သူလူထုကို ဇန်နဝါရီ ၁ဝ ရက်နေ့ မနေ့က ကြေညာချက်တစောင် ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

အဲဒီကြေညာချက်မှာ အစိုးရအနေနဲ့ ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ကျင်းပလျှက်ရှိရာ မှာ ပြည်သူ့ဘဏ္ဏာငွေကိုစနစ်တကျ သုံးစွဲနေကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ ရန်ပုံငွေ လိုအပ်ကြောင်း၊ ဒီကိစ္စအတွက် နိုင်ငံတကာက ကူညီထောက်ပံ့နေသလို ပြည်ထောင်စုတိုင်းရင်းသား နိုင်ငံသား အားလုံးကလည်း တတ်နိုင်သမျှ ဝိုင်းဝန်းပံ့ပိုးဖို့လိုကြောင်း ဖေါ်ပြထားပါတယ်။

ဒါကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မိမိတို့ကိုယ်တိုင် ပါဝင်တဲ့အနေနဲ့ မြန်မာ့စီးပွားရေးဘဏ်ရဲ့ နေပြည်တော် ဘဏ်ခွဲမှာ ဖွင့်ထားတဲ့“အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန-ငြိမ်းချမ်းရေးရန်ပုံငွေ” (NRPC- Peace Fund) ငွေစုဘဏ်စာရင်းကို ပေးပို့လှူဒါန်းနိုင်ကြောင်း အစိုးရရဲ့ မနေ့က ကြေညာချက်မှာ ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org