အခြေခံဥပဒေ ပြင်ပေးရေး ပုသိမ်မှာ လူ ၅၀၀ ကျော်တောင်းဆိုဆန္ဒပြ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးဖို့ ဒေသခံလူအင်အား ၅၀၀ ကျော်လောက် ဆန္ဒပြတောင်းဆိုကြပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အမြန်ဆုံး ပြင်ဆင်ပေးရေး အတွက် ဖေဖော်ဝါရီလ ၆ ရက်နေ့က အလုံမြို့နယ်ပြည်သူများ ဆန္ဒပြနေစဉ် photo: RFA/ Kyaw Zaw Win

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးဖို့ ဒေသခံ လူအင်အား ၅၀၀ ကျော်လောက် ဆန္ဒပြတောင်းဆိုကြ ပါတယ်။

အစိုးရအနေနဲ့ ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို လိုက်လျောပေးဖို့ လိုတယ်လို့ ဒီနေ့ဆန္ဒပြရာမှာပါဝင် ခဲ့တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုဝေလု က ပြောပါတယ်။

"ပြည်သူလူထုတွေရဲ့ ဆန္ဒတွေကို အခုလို မြန်မာပြည် တစ်ပြည်လုံး အတိုင်းအတာ နဲ့ ပြနေတာကို လက်ရှိအုပ်ချုပ်ရေး အစိုးရအနေ နဲ့ ဒီဟာကိုတော့ သူတို့ဖီဆန်လို့တော့ မရဘူးပေါ့၊ ဒီဟာကို လိုအပ်ချက်ကြောင့် တောင်းဆိုထား တဲ့ တောင်းဆိုမှုကိုတော့ အကောင်း ဆုံး ပြုပြင်ပေးရမှာ၊ ပြုမပြင်နိုင်ရင်သော်၎င်း၊ မပြုချင်ရင်သော်၎င်း အဲဒီအပေါ်မှာ ပြည်သူ့ရဲ့တောင်းဆိုချက်က နောက်ထပ်တောင်းဆိုမှုတွေတော့ ထပ်ဖြစ်သွားမှာ"

ဒီနေ့ဆန္ဒပြကြသူတွေဟာ ပုဒ်မ ၄၃၆ နဲ့ ပုဒ်မ ၅၉(စ)(ဃ) တို့ကို ပြင်ဆင်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတ၊ လွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေး ၊ စစ်မှန်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်ရေး စတဲ့အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။

ဒီနေ့ ဆန္ဒပြသူတွေဟာ ပုသိမ်မြို့ မြို့တော်ခမ်းမရှေ့ကနေ စတင်ထွက်ခွာပြီး မြို့တစ်ပတ် လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြတာလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org