ရန်ကုန်-ဒလ တံတားအတွက် ကိုရီးယားက ဒေါ်လာ သန်း ၁၄ဝ နီးပါးချေးဖို့ လွှတ်တော်တင်ပြ

ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက် ဖို့အတွက် ကိုရီးယားသမ္မတနိုင်ငံက အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၄ဝ နီးပါးကို ချေးယူ မှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင် စု လွှတ်တော်ထံ ဒီနေ့ အကြောင်းကြားလိုက်ပါတယ်။

ရန်ကုန်-ဒလ ကူးတို့ဆိပ်ကို တွေ့ရစဉ်

ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ဖို့အတွက် ကိုရီးယားသမ္မတနိုင်ငံက အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၄ဝ နီးပါးကို ချေးယူမှာဖြစ်ကြောင်း နိုင် ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်ထံ ဒီနေ့ အကြောင်းကြားလိုက်ပါတယ်။

ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်းကို ငါးနှစ်အတွင်း တည်ဆောက်သွားမယ်လို့ ဆောက်လုပ်ရေး ဝန်ကြီး ဌာန၊ ဝန်ကြီး ဦးကျော်လွင်က နိုင်ငံတော် သမ္မတ ကိုယ်စား ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ ပါတယ်။

"အတိုးနှုန်းက ဝ.ဝ၁ ရာခိုင်နှုန်းဖြစ်ပါတယ်၊ ပြန်ဆပ် ရမယ့်ကာလကတော့ ဆိုင်းငံ့ကာလ ၁၅ နှစ်အပါ အဝင် နှစ်ပေါင်း ၄ဝ ဖြစ်ပါတယ်၊ ချေးငွေပေးဆပ်မှု အနေနဲ့ တစ်နှစ်ကို ၂ ကြိမ်ပေးဆပ်ရမှာဖြစ်ပါတယ်၊ ပျက်ကွက်မှုစရိတ်အနေနဲ့ တစ်နှစ်မှာ ၂ ရာခိုင်နှုန်းရှိပါတယ်"

ဒေါ်လာ သန်း ၁၇ဝ လောက်ကုန်ကျမယ့် ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်းကို မြန်မာအစိုးရဘက် က ဒေါ်လာသန်း ၃ဝ လောက်ကျခံသုံးစွဲမှာဖြစ်ပြီး ကျန်ငွေကို ကိုရီးယားနိုင်ငံကနေ ချေးယူမှာဖြစ်ပါတယ်။

ဒါ့အပြင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကလည်း ရန်ကုန်မြို့မှာရှိတဲ့ မြို့နယ်ပေါင်း ၁၆ မြို့နယ်မှာ လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရေး စီမံကိန်းနဲ့ပတ်သက်ပြီး ကန်ဒေါ်လာ သန်း ၆ဝ ကျော်နဲ့ညီမျှတဲ့ ဂျပန်ယန်းငွေ သန်း ၆၁ဝဝ ကျော် ချေးယူလိုကြောင်း တင်ပြခဲ့ပါတယ်။

ပို့ဆောင်ရေးဝန်ကြီးဌာနကလည်း သီလဝါအထူးစီးပွားရေးဇုန်အတွက် ဂျပန်ယန်းငွေသန်း တစ်သောင်းငါးထောင် နီးပါးနဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် ဂျပန်ယန်း သန်း ၅ဝဝဝ ကျော်ကို JICA ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီကနေ ချေးယူမှာဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်ထံ တင်ပြခဲ့ပါတယ်။

အစိုးရဝန်ကြီးဌာနတွေ တင်ပြတဲ့ချေးငွေပမာဏဟာ ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF တို့က သတ်မှတ်ထားတဲ့ ချေးငွေခံနိုင်ရည် စံနှုန်းတွေနဲ့ ကိုက်ညီသေးတာကြောင့် ခွင့်ပြုသင့်တယ်လို့ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က တင်ပြခဲ့ပါတယ်။

အဲ့ဒီချေးငွေယူမယ့်ကိစ္စကို လာမယ့် လွှတ်တော်အစည်းအဝေးတွေမှာ ဆွေးနွေးကြဦးမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org