မြန်မာက ငွေလိမ်လုပ်ငန်းတွေ ကမ္ဘောဒီးယားနဲ့ လာအိုကို ပြောင်းရွှေ့နေ

အရေးယူဆောင်ရွက်မှုတွေကြောင့် မြန်မာနိုင်ငံက ငွေလိမ်လုပ်ငန်းတချို့ဟာ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံကို ပြောင်းရွှေ့နေကြတယ်လို့ ဂျပန်အစိုးရပိုင် NHK သတင်းဌာနက မတ်လ ၄ ရက်နေ့မှာ ဖော်ပြပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ကရင်နယ်ခြားစောင့်တပ် (BGF) မှ ဖမ်းဆီးထိန်းသိမ်းထားသည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်။ Citizen Photo

အရေးယူဆောင်ရွက်မှုတွေကြောင့် မြန်မာနိုင်ငံက ငွေလိမ်လုပ်ငန်းတချို့ဟာ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံကို ပြောင်းရွှေ့နေကြတယ်လို့ ဂျပန်အစိုးရပိုင် NHK သတင်းဌာနက မတ်လ ၄ ရက်နေ့မှာ ဖော်ပြပါတယ်။

ထိုင်း တော်ဝင်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ် ဗိုလ်ချုပ်ကြီး တာ့ချိုင် ပစ်တနီလဘို့ (Thatchai Peetaneelabut) က NHK ကို မတ်လ ၃ ရက်နေ့က အခုလို ပြောကြားခဲ့တာလို့ ဆိုပါတယ်။

မြ၀တီမြို့နယ် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကနေ ထွက်ပြေးတိမ်းရှောင်နေသူတွေကို သက်ဆိုင်ရာအာဏာပိုင်တွေက ဖမ်းဆီးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဖော်ပြပါတယ်။

ထိုင်း တော်ဝင်ရဲတပ်ဖွဲ့အနေနဲ့လည်း ငွေလိမ်လုပ်ငန်းတွေ နှိမ်နင်းရေးအတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ငွေလိမ်ဂိုဏ်းတွေက ကယ်တင်ထားတဲ့ နိုင်ငံခြားသား ခုနစ်ထောင်နီးပါးကို သက်ဆိုင်ရာနိုင်ငံတွေက အမြန်ဆုံးပြန်ခေါ်ကြဖို့လည်း ထိုင်းကာကွယ်ရေးဝန်ကြီး ဖွန်သမ် ဝဲချ ရာချိုင် (Phumtham Wechayachai) က ဖေဖော်ဝါရီလကုန်ပိုင်းက တိုက်တွန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org