နိုင်ငံတော်သမ္မတ ရွေးချယ်ပွဲ ကျင်းပ

ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတ ရွေးချယ်ပွဲ ဒီနေ့ မနက် ၁၀ နာရီက စတင်ကျင်းပနေပါတယ်။

၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၊ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲကို ဒေါ်အောင်ဆန်း စုကြည်၊ ဦးဝင်းမြင့်နဲ့ ဦးဟင်နရီဗန်ထီးယူ တို့ တက်ရောက်စဉ် ဓါတ်ပုံ - မောင်သိန်း(ဒဿနိက)
ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတ ရွေးချယ်ပွဲ ဒီနေ့ မနက် ၁၀ နာရီက စတင်ကျင်းပနေပါတယ်။

ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူ နဲ့ လွှတ်တော်ဥက္ကဌဟောင်း ဦးဝင်းမြင့်တို့ထဲက တစ်ဦးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေက နိုင်ငံတော်သမ္မတအဖြစ် မဲပေးရွေးချယ်မှာဖြစ်ပါတယ်။

ဒီနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တက်ရောက်သူ ၆၃၆ ဦးရှိပါတယ်။

သမ္မတရွေးချယ်ပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လေ့လာသူအဖြစ် တက်ရောက်နေပါတယ်။

ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးတချို့ နဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လား ဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်းတို့ကလည်း လေ့လာသူအဖြစ် တက်ရောက်ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org