အစိုးရနဲ့ တဖွဲ့ချင်း မဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ဆုံးဖြတ်
ဝ,အထူးဒေသ-၂ ပန်ခမ်းမြို့မှာ ငါးရက် ကြာကျင်းပ ခဲ့တဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ၇ ဖွဲ့ က ခေါင်းဆောင်တွေရဲ့ စတုတ္ထအကြိမ် မျက်နှာစုံညီ အစည်းအဝေးကနေ အစိုးရနဲ့ တွေ့ဆုံဆွေးနွေး မယ့် "နိုင်ငံရေးဆွေးနွေးရေးကော်မတီ" ကို "ပြည်ထောင် စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ" အဖြစ် ပြောင်း လဲသတ်မှတ်လိုက်ပါတယ်။
-
2017-04-19 -
-
-
ဝ,အထူးဒေသ-၂ ပန်ခမ်းမြို့မှာ ငါးရက်ကြာကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က ခေါင်းဆောင်တွေ ရဲ့ စတုတ္ထအကြိမ် မျက်နှာစုံညီ အစည်းအဝေးကနေ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမယ့် "နိုင်ငံရေးဆွေးနွေးရေးကော် မတီ" ကို "ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ" အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။
KIO/KIA ကချင်အဖွဲ့၊ AA ရခိုင်အဖွဲ့၊ MNDAA ကိုးကန့်အဖွဲ့၊ TNLA တအာန်းပလောင်အဖွဲ့၊ SSPP/SSA ၊ NDAA မိုင်းလားအဖွဲ့နဲ့ UWSA ဝအဖွဲ့တို့ တက်ရောက်ကြတဲ့ ဒီအစည်းအဝေးကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အထွေထွေမူဝါဒနဲ့ ရပ်တည်ချက်ကို အတည်ပြုပြီး အစိုးရနဲ့ဆွေးနွေးညှိနှိုင်းမယ့် ဘုံစာတမ်းအဖြစ် အတည်ပြုလိုက် တယ်လို့ အစည်းအဝေးအပြီး ဧပြီလ ၁၉ ရက်- ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
"ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ" အဖွဲ့ဝင် အဖွဲ့အစည်းတွေအနေနဲ့ အစိုးရနဲ့ဆွေးနွေးတဲ့ အခါမှာ တဖွဲ့ချင်းမဆွေးနွေးပဲ ကော်မတီအနေနဲ့သာ ဆွေးနွေးသွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထား ပါတယ်။