နန်းမိုဟွမ်ကို ထောင်ဒဏ်သုံးနှစ် ချမှတ်

TNLA တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားတာ ၂ လနီးပါး ကြာနေပြီ ဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့က နန်းမိုဟွမ်ကို ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ပြီလို့ TNLA ပြောခွင့်ရသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောပါတယ်။

TNLA က ဖမ်းထားတဲ့ နန်းမိုဟွမ် ကို အမြန်လွှတ်ပေးဖို့ မိသားစုဝင်တွေ နမ့်ခမ်းမြို့မှာ ၂၀၁၈ စက်တင်ဘာလ ၇ ရက်နေ့က ဆန္ဒပြစဉ် Photo: Kan Thar/ RFA

TNLA တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားတာ ၂ လနီးပါး ကြာနေပြီ ဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့က နန်းမိုဟွမ်ကို ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ပြီလို့ TNLA  ပြောခွင့်ရသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောပါတယ်။

အမှုနဲ့ ပတ်သက်ပြီး အသေးစိတ်ကို မသိရှိရသေးပေမယ့် ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် စိတ်ချကောင်းမွန်ကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့က အမိန့်ချလိုက်တာဖြစ်ကြောင်း ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

TNLA အဖွဲ့က တာဝန်ထမ်းဆောင်နေတဲ့ အကောက်ခွန်ဝန်ထမ်းကို အပြင်းအထန် နာကျင်စေမှုနဲ့ TNLA အဖွဲ့ရဲ့ ရာဇသတ်ကြီး ပုဒ်မ ၃၃၃ နဲ့ နန်းမိုဟွမ်ကို သြဂုတ်လက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

နန်းမိုဟွမ်ကို ပြန်လွှတ်ပေးဖို့အတွက် နန့်ခမ်းမြို့ ဒေသခံတွေက တောင်းဆိုဆန္ဒပြခဲ့ကြသလို အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP နဲ့ နိုင်ငံရေးပါတီတွေကလည်း ကြေညာချက် ထုတ်ပြန် တောင်းဆိုထားပါတယ်။

နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် ဆွေးနွေးညှိနှိုင်းဖို့ နန်းမိုဟွမ်ရဲ့ အစ်မ အပါအဝင် နန်းမိုဟွမ် လွတ်ရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေကို “ဝ” ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC က UWSA ဌာနချုပ် ပန်ဆန်းကို လာရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org