မြန်မာ အမျိုးသမီး ဘောလုံးအသင်း မလေးရှားကို ဂိုးပြတ်နဲ့ အနိုင်ရ
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်းက မလေးရှားအသင်းကို ဒီနေ့ညမှာ ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ လိုက်ပါတယ်။
-
2013-12-20 -
-
-
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်း က မလေးရှားအသင်းကို ဒီနေ့ညမှာ ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရလိုက်ပါတယ်။
ဒီကနေ့ ညနေ့ပိုင်းက မန္တလေးြမို့ မန္တလာသီရိအားကစားကွင်းမှာ ကစားခဲ့တဲ့ တတိယနေရာလုပွဲမှာ ပြိုင်ဘက်မလေးရှား အမျိုးသမီးအသင်းကို ၆ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး တတိယကြေးတံဆိပ်ဆုကို ဆွတ်ခူးလိုက်တာပါ။
ဒါ့အပြင် စီးပွားရေး လုပ်ငန်းရှင်တွေက မြန်မာ အမျိုးသမီး ဘောလုံးအသင်းအတွက် လှူဒါန်းတဲ့ ဆုကြေးအဖြစ် မြန်မာကျပ်ငွေ သိန်း ၂၅၀၀ လောက် အထိရမယ်လို့ သိရပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြန်မာအမျိုးသမီး ဘောလုံးအသင်းဟာ သန့်ရှင်းမျှတတဲ့ အားကစားစိတ်ဓာတ်နဲ့ အသင်းလိုက်ညီညွှတ်တာတွေကို စံနမှုနာအဖြစ် လက်တွေ့ပြသခဲ့တယ်လို့ ဒီကနေ့ သဝဏ်လွှာပေးပို့ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့အထိ အိမ်ရှင်မြန်မာနိုင်ငံက ရွှေတံဆိပ် ၆၉ ခု ငွေတံဆိပ် ၅၂ ခုနဲ့ ကြေးတံဆိပ် ၆၅ ခုရရှိထားပြီး နိုင်ငံအလိုက် ဒုတိယနေရာကို ရရှိထားပါတယ်။ ထိုင်းနိုင်ငံက ရွှေတံဆိပ် ၈၅ နဲ့ ပထမ၊ ဗီယက်နမ်နိုင်ငံက ရွှေတံဆိပ် ၆၄ ခုနဲ့ တတိယနေရာမှာ ရှိနေပါတယ်။