မြန်မာ ဆယ်ယောက်မှာ တစ်ယောက် ရိက္ခာမဖူလုံ
မြန်မာနိုင်ငံ လက်ရှိလူဦးရေရဲ့ ၁၀ ပုံမှာ ၁ ပုံနီးပါးဟာ စားနပ်ရိက္ခာမဖူလုံဘဲ နေ ထိုင်နေရကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ FAO နဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ WFP တို့က ပြောပါတယ်။
-
2013-10-13 -
-
-
Your browser doesn’t support HTML5 audio
မြန်မာနိုင်ငံ လက်ရှိလူဦးရေရဲ့ ၁၀ ပုံမှာ ၁ ပုံနီးပါးဟာ စားနပ်ရိက္ခာမဖူလုံဘဲ နေထိုင်နေရကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ FAO နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP တို့က ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့၊ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဦးစီးကျင်းပတဲ့ဆွေးနွေးပွဲမှာ FAO နဲ့ WFP တို့ ကောက်ယူခဲ့တဲ့စစ်တမ်းတွေအရ ပညာရှင်တွေက ပြောကြားခဲ့ကြတာပါ။
အဲဒီလို စားနပ်ရိက္ခာ မဖူလုံရတဲ့အကြောင်းရင်းတွေထဲမှာ နယ်မြေမအေးချမ်းတာတွေလည်း ပါဝင်တယ်လို့ မြန်မာနိုင်ငံစားသုံးသူများသမဂ္ဂအဖွဲ့ နာယက ဦးနှင်းဦးက RFA ကို ပြောပါတယ်။
စားနပ်ရိက္ခာ မလုံလောက်တဲ့ပြည်နယ်တွေထဲမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ အရှေ့ပိုင်း၊ ချင်းပြည်နယ်နဲ့ မကွေးတိုင်းတို့ ပါဝင်ကြပါတယ်။
တချို့နေရာတွေမှာတော့ သယ်ယူပို့ဆောင်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုမရှိတာတွေ၊ ဈေးကွက်စီးပွားရေး မလည်ပတ်နိုင်တာတွေနဲ့ အလုပ်အကိုင်ရှားပါးတဲ့ပြဿနာတွေ၊ စိုက်ပျိုးရေမလုံလောက်တာတွေနဲ့ နည်းပညာပိုင်း အားနည်းချက်တွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
စားနပ်ရိက္ခာ ဖူလုံမှုအခြေအနေ ဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် မရတနာဦး သတင်းပေးပို့ထားပါတယ်။