အိန္ဒိယရောက် မြန်မာဒုက္ခသည်တွေ တရားဝင်စာရွက်စာတမ်းရယူခွင့် တားမြစ်ခံရ

ဘယ်လိုထောက်ခံချက်မျိုးမှ အရပ်ဖက်အဖွဲ့၊ ဒေသဆိုင်ရာ ကောင်စီနဲ့ ကျေးရွာအာဏာပိုင်တွေက ထုတ်မပေးဖို့ အိုက်ဇောခရိုင် အုပ်ချုပ်ရေးအဖွဲ့က အင်္ဂါနေ့က တားမြစ်တာလို့ ဆိုပါတယ်။

မြန်မာ-အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးလာကြသည့် မြန်မာစစ်ဘေးဒုက္ခသည်များအား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်။ Reuters

ဒုက္ခသည်တွေ အိန္ဒိယမှတ်ပုံတင် အထောက်အထား ရယူနေတာ တားမြစ်ဖို့ ဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက မှာကြားတဲ့အတိုင်း မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီးက အရေးယူဆောင်ရွက်နေတယ်လို့ Hindu Times က မတ် ၁၈ ရက်က ဖော်ပြပါတယ်။

ပြည်နယ်မှာ နေထိုင်နေတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ကို အထောက်အကူပေးနိုင်တဲ့ ဘယ်လိုထောက်ခံချက်မျိုးမှ အရပ်ဖက်အဖွဲ့၊ ဒေသဆိုင်ရာ ကောင်စီနဲ့ ကျေးရွာအာဏာပိုင်တွေက ထုတ်မပေးဖို့ မီဇိုရမ်ပြည်နယ် အိုက်ဇောခရိုင် အုပ်ချုပ်ရေးအဖွဲ့က အင်္ဂါနေ့က တားမြစ်တာလို့ ဆိုပါတယ်။

ဥပဒေအရ ဒုက္ခသည်တွေဟာ မဲပေးနိုင်တဲ့ မှတ်ပုံတင်ကတ်တွေ၊ မွေးစာရင်းတွေ၊ တိုင်းရင်းသားဖြစ်ကြောင်း အသိအမှတ်ပြုစာတွေ ဒါမှမဟုတ် ပြည်နယ်တွင်း နေထိုင်ကြောင်း အသိအမှတ်ပြုစာတွေ ရယူခွင့်မရှိဘူးလို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org