ကချင် နောင်လွတ်မှာ စစ်တပ်က လေကြောင်းသုံး တိုက်ခိုက်
ကချင်ပြည်နယ်မှာ ကေအိုင်အေ တပ်မဟာ (၉)၊ တပ်ရင်း ၂၆ နယ်မြေဖြစ်တဲ့ နောင်လွတ်ဒေသမှာ နိုဝင်ဘာလ ၂၅ ရက် မနေ့မနက်အစောပိုင်းက စစ်ကောင်စီ တပ်က စစ်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အို သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ဒီနေ့ပြောပါတယ်။
- 2021-11-26
-
-
-
ကချင်ပြည်နယ်မှာ ကေအိုင်အေ တပ်မဟာ (၉)၊ တပ်ရင်း ၂၆ နယ်မြေဖြစ်တဲ့ နောင်လွတ်ဒေသမှာ နိုဝင်ဘာလ ၂၅ ရက် မနေ့မနက်အစောပိုင်းက စစ်ကောင်စီတပ်က စစ်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အို သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ဒီနေ့ပြောပါတယ်။
မနက်အစောပိုင်း ၁ နာရီနဲ့ ၂ နာရီခွဲအချိန်တွေမှာ လာရောက်တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။
ဘာကြောင့် အခုလို လာရောက်တိုက်ခိုက်တယ်ဆိုတာ မသိရပေမဲ့ စစ်ကိုင်းတိုင်းနဲ့ ဆက်စပ်နေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ပစ်မှတ်ထားချင်တာဖြစ်နိုင်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်တာမရှိဘူးလို့လည်း ဆိုပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
မနေ့ နေ့လယ်ကလည်း ရွှေကူမြို့နယ် ကချင်သေရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ၊ PDF ပူးပေါင်း တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရွှေကူမြို့နယ်ဟာလည်း စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ မကြာခဏ ဖြစ်ပွားနေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။