ကော့စမွီကျွန်းမှာ မြန်မာအမျိုးသမီးတစ်ဦးရဲ့ အလောင်းတွေ့

ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသွား နေရာတစ်ခုဖြစ် တဲ့ ကော့စမွီကျွန်းမှာ တနင်္လာနေ့က မြန်မာအမျိုးသမီး တစ်ဦးရဲ့ အလောင်းတွေ့ရှိ ခဲ့ရတယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဖေါ်ပြပါတယ်။

ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသွား နေရာတစ်ခုဖြစ်တဲ့ ကော့စမွီကျွန်းမှာ တနင်္လာနေ့က မြန်မာအမျိုးသမီးတစ်ဦးရဲ့ အလောင်းတွေ့ရှိခဲ့ရတယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဖေါ်ပြပါတယ်။

ကျောက်ဆောင်ထူထပ်တဲ့ ပင်လယ်ကမ်းစပ်မှာမနက် ကိုးနာရီခွဲ ဝန်းကျင်က တွေ့ရှိခဲ့ကြောင်းထိုင်းရဲ က ပြော ပါတယ်။ သေဆုံးသူအမျိုးသမီးဟာ အသက် ၂၂ နဲ့၂၅ နှစ်ကြားဖြစ်ပြီး၊ မြန်မာလူမျိုးဖြစ်တယ်လို့ ရဲက ပြောပေမဲ့၊ အမည် နာမကိုတော့ မပြောပါဘူး။

အလောင်းရဲ့ ပါးစပ် နဲ့ နှာခေါင်းကို တိပ် နဲ့ကပ်ထားခံရတဲ့အတွက် အသက်မရှုနိုင်လို့ သေဆုံးတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အလောင်းရဲ့အဝတ်အစား အနေအထားအရ အဓမ္မပြုကျင့်ဖို့ကြိုးစားခံခဲ့ရပုံပေါ်ပေမဲ့ အထမြောက်ခဲ့ပုံမရဘူး လို့ ရဲ နဲ့ဆေးဘက်ဝန်ထမ်းတွေကပြောပါတယ်။

ဒီအမှုမှာ ကျူးလွန်သူ နှစ်ယောက် ဖြစ်မယ်လို့လည်း ခန့်မှန်းထားပါတယ်။

ကော့စမွီကျွန်းမှာ မနှစ်ကလည်း ဗြိတိန်နိုင်ငံသားနှစ်ယောက် အသတ်ခံရမှု နဲ့ မြန်မာလူငယ်နှစ်ဦး ဖမ်းဆီးတရားစွဲ ခံနေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org