သတင်းမီဒီယာကောင်စီရွေးချယ်ရေးအဖွဲ့ကို မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ကန့်ကွက်

သတင်းမီဒီယာကောင်စီရွေးချယ်ရေးအဖွဲ့ကို မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ကန့်ကွက်လိုက်ပြီး သတင်းမီဒီယာကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်မှာမဟုတ်ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက စက်တင်ဘာလ ၁၁ ရက်နေ့ မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ၂၀၁၈၊ စက်တင်ဘာ ၁၀ ရက်နေ့ ထုတ်ပြန်တဲ့ ကြေညာချက်ကို တွေ့ရစဉ် Photo: Myanmar Journalists Association - facebook

သတင်းမီဒီယာကောင်စီရွေးချယ်ရေးအဖွဲ့ကို မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ကန့်ကွက်လိုက်ပြီး သတင်းမီဒီယာကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်မှာမဟုတ်ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာအသင်း က စက်တင်ဘာလ ၁၁ ရက်နေ့ မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက သတင်းမီဒီယာကောင်စီအဖွဲ့ဝင်တချို့ကို ကန့်ကွက်ထားရာမှာ လက်မခံဘဲ ရွေးချယ်ရေးအဖွဲ့က ကောင်စီဝင်စာရင်းကို အတည်ပြုလိုက်တာကြောင့် သီးခြားရပ်တည်ဖို့ ဆုံးဖြတ်လိုက်တာလို့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဦးအေးသိန်းက ပြောပါတယ်။

သတင်းမီဒီယာကောင်စီမှာ ရွေးချယ်ခံထားရတဲ့ ဦးကိုကို(စက်မှု)၊ ဦးကျော်စွာမင်းနဲ့ ဒေါ်အိအိတင်တို့ဟာ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းကို ကိုယ်စားပြုရွေးချယ်ခံထားရသူတွေ ဖြစ်ပါတယ်။

အဲ့ဒီထဲက ဦးကိုကို(စက်မှု)ဟာ ရွေးကောက်ပွဲနဲ့ တက်လာသူမဟုတ်ကြောင်းနဲ့ အဖွဲ့မှာ နာယက ဖြစ်နေတာကြောင့် သတင်းမီဒီယာကောင်စီဝင်အဖြစ် ရွေးချယ်ဖို့မသင့်ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ကန့်ကွက် ထားတာလို့ သိရပါတယ်။

သတင်းစာဆရာအသင်းရဲ့ ကန့်ကွက်မှုကို သတင်းမီဒီယာ ကောင်စီရွေးချယ်ရေးအဖွဲ့က လက်မခံဘဲ ကောင်စီဝင် အဖြစ် ပါဝင်ခွင့်ပြုခဲ့ပါတယ်။

သတင်းစာဆရာအသင်းရဲ့ ကန့်ကွက်ချက်ဟာ မှန်ကန်မှုမရှိတာကြောင့် ကောင်စီဝင်အဖြစ် အတည်ပြုပေးခဲ့တာလို့ သတင်းမီဒီယာကောင်စီဝင်ရွေးချယ်ရေးအဖွဲ့ဝင် ဦးကြည်မြင့်က RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်းကို ဥက္ကဋ္ဌ အဖြစ် ဦးမြတ်ခိုင်၊ ဒု ဥက္ကဋ္ဌတွေအဖြစ် ဦးဝင်းငြိမ်း၊ ဦးကျော်စွာမင်း၊ ဦးရဲမင်းဦးတို့က ဦးဆောင်နေတာဖြစ်ပြီး ကန့်ကွက်မှုတွေဟာ အလုပ်အမှုဆောင်အဖွဲ့ဝင် အားလုံးရဲ့ သဘော တူညီချက်ကို ရယူထားတာမတွေ့ရကြောင်းလည်း ဦးကြည်မြင့်က ပြောပါတယ်။

သတင်းမီဒီယာကောင်စီဝင်အဖြစ် ရွေးချယ်ခံရသူတွေဟာ ရွေးချယ်ခံရတဲ့နေ့က စပြီး ၁ လအတွင်း နိုင်ငံတော် သမ္မတ ရှေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုရမယ်လို့ သတင်းမီဒီယာကောင်စီဝင် ဥပဒေမှာ ပြဌာန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org