ငလျင်ငယ်တွေ ထပ်လှုပ်နိုင်တယ်လို့ မိုးဇလ သတိပေး

မြန်မာနိုင်ငံမှာ ဒီနေ့ ဇူလိုင် ၂၉ ရက် နေ့လယ် ၃ နာရီ ၉ မိနစ်မှာ ကန့်ဘလူ မြေငလျင်စခန်းရဲ့ အရှေ့တောင်ဘက် ၄၂ မိုင်အကွာ၊ သပိတ်ကျင်းမြို့ရဲ့ အရှေ့တောင်ဘက် ၅ မိုင်အကွာကို ဗဟိုပြုပြီး အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

၂၀၂၁ ဇူလိုင် ၂၉ ရက် နေ့လယ်က လှုပ်သွားတဲ့ ငလျင်ဗဟိုချက် Photo: Google Map

မြန်မာနိုင်ငံမှာ ဒီနေ့ ဇူလိုင် ၂၉ ရက် နေ့လယ် ၃ နာရီ ၉ မိနစ်မှာ ကန့်ဘလူမြေငလျင်စခန်းရဲ့ အရှေ့တောင် ဘက် ၄၂ မိုင်အကွာ၊ သပိတ်ကျင်းမြို့ရဲ့ အရှေ့တောင်ဘက် ၅ မိုင်အကွာကို ဗဟိုပြုပြီး အင်အားပြင်း ငလျင် တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အခုလှုပ်သွားတဲ့ ငလျင်ဟာ ရစ်တာစကေး ၆ ဒဿမ ၃ ရှိတဲ့ အင်အားပြင်း ငလျင်ဖြစ်တာကြောင့် နောက်ဆက်တွဲ ငလျင်ငယ်တွေလည်း ထပ်လှုပ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက RFA ကို ဒီနေ့ညနေက ပြောပါတယ်။

ကုန်းတွင်းပိုင်းငလျင်ဖြစ်တာကြောင့် ဆူနာမီမဖြစ်နိုင်ပေမဲ့ အထပ်မြင့်အဆောက်ဦးဟောင်းတွေ၊ ပြုတ်ကျ နိုင်တဲ့ပစ္စည်းတွေ အနားမှာရှိနေတာတွေကို ဂရုစိုက်ရမယ်လို့လည်း ပြောပါတယ်။

ဒီနေ့ ဇူလိုင် ၂၉ ရက်မှာ လှုပ်တဲ့အင်အားကြီးငလျင်ကို မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ လားရှိုး၊ ထီးချိုင့်၊ ရေစကြို၊ မိတ္ထီလာ အပါဝင် မြို့နယ် ၂၀ ခန့်မှာ သိသိသာသာ လှုပ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org