နယ်ခြားရှိ မြန်မာတပ်ဖွဲ့ အင်အားချဲ့ဟု ဘင်္ဂလားဒေ့ရှ် စွပ်စွဲ

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံခြံစည်းရိုးအနီးမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ ပိုမိုတပ်စွဲလာနေ တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ကြာသပတေးနေ့မှာ စွပ်စွဲပြောကြားလိုက်ပါတယ်။

မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို မြန်မာဘက်ခြမ်းက တွေ့ရစဉ် Photo: Thiha Tun/ RFA

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံခြံစည်းရိုးအနီးမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ ပိုမိုတပ်စွဲလာနေတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ကြာသပတေးနေ့မှာ စွပ်စွဲပြောကြားလိုက်ပါတယ်။ အဲဒီ နယ်ခြားဒေသက ၂ နိုင်ငံ ခြံစည်းရိုး အကြားမှာ ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာမွတ်စလင် ရာပေါင်းများစွာ ခိုလှုံနေတယ်လို့ ဆိုပါတယ်။

မြန်မာတပ်ဖွဲ့တွေ အခုလို တိုးချဲ့ချထားမှုကြောင့် အဲဒီ မွတ်စလင်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဝင်ရောက်အောင် တွန်းထုတ်သလိုဖြစ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် ရာမန်က ပြောပါတယ်။

မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက မွတ်စလင်တွေကို အဲဒီဒေသမှာ နေထိုင်ခွင့်မရှိကြောင်း အသံချဲ့စက်နဲ့ သတိပေးနေ တယ်လို့ သိရပါတယ်။ မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနကလည်း အဲဒီ ခြံစည်းရိုးအကြား ဒေသမှာ မည်သူမျှ နေထိုင်ခြင်း သို့မဟုတ် အဆောက်အအုံ ဆောက်လုပ်ခြင်းမပြုဖို့ ၂ နိုင်ငံ သဘောတူစာချုပ်ထားကြောင်း ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း ဒါကာမြို့မှာရှိတဲ့ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့ မနေ့က ဆင့်ခေါ်တွေ့ဆုံပြီး မြန်မာတပ်ဖွဲ့တွေ တိုးချဲ့ချထားမှုကို ကန့်ကွက်ကာ အမြန်ဆုံး  ပြန်လည်ရုပ်သိမ်းဖို့ ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org