ကလေးတစ်ဦးအပါအဝင် မြန်မာ ၂၉ ဦး မလေးရှားမှာ ဖမ်းဆီးခံရ

ဖမ်းဆီးရမိသူတွေကို ဆက်လက်အရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာရဲစခန်းကို လွှဲပြောင်းပေးထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မလေးရှား ဆလန်ဂေါ်ပြည်နယ်မှ သစ်စက်တစ်ခုတွင် မြန်မာနိုင်ငံသား ၃၈ ဦးအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က ဖမ်းဆီးခံရစဉ်။ The Department of Immigration Malaysia (JIM) PTP

အမျိုးသမီးတွေနဲ့ မိန်းကလေးတစ်ဦးအပါအဝင် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၂၉ ဦးကို မလေးရှားစစ်တပ်က ကြာသပတေးနေ့က ဖမ်းဆီးလိုက်တယ်လို့ The Sun သတင်းက ဖေဖော်ဝါရီ ၂၁ ရက်မှာ ဖော်ပြပါတယ်။

ထိုင်း-မလေးရှားနယ်စပ်နားက တောအုပ်တစ်နေရာမှာ မသင်္ကာဖွယ် လူတစ်စုကို ကင်းလှည့်ချိန်မှာတွေ့ရှိပြီး ည ၆ နာရီကျော်လောက်မှာ ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။

အထောက်အထားစာရွက်စာတမ်းမရှိတဲ့ အသက် ၆ နှစ်အရွယ်ကနေ ၄၁ နှစ်အရွယ်ရှိတဲ့ မြန်မာ ၂၉ ဦးကို ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။ အဲဒီထဲမှာ မိန်းကလေး တစ်ဦး၊ အမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၁၃ ဦးကို ပါဝင် မိုဘိုင်းဖုန်း ၁၉ လုံး၊ လက်တော့ပ်တစ်လုံးနဲ့ လက်ဝတ်လက်စားတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေကို ဆက်လက်အရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာရဲစခန်းကို လွှဲပြောင်းပေးထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မလေးရှားစစ်တပ်ဟာ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ တရားမဝင်မှောင်ခိုလုပ်ငန်းတွေကို အလျှော့မပေးဘဲ နှိမ်နင်းသွားမှာဖြစ်တယ်လို့လည်း ပါရှိပါတယ်။ ဒါ့အပြင် နယ်စပ်လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

တရားမဝင်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို မလေးရှားအာဏာပိုင်တွေက နေ့စဉ် ဖမ်းဆီးနေပြီး အခုနှစ်စမှာပဲ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား တစ်ထောင်ကျော်ရှိနေတယ်လို့ မလေးရှားရောက် မြန်မာနိုင်ငံသားအရေး ကူညီပေးနေသူတွေက RFA ကို ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org