မွတ်စလင်အဖွဲ့တွေ အမေရိကန် လွှတ်တော်ရှေ့မှာ သတင်းစာ ရှင်းလင်း
မနေ့မနက်က ဝါရှင်တန် ဒီစီ မြန်မာသံရုံးရှေ့ ဆန္ဒပြခဲ့ကြတဲ့ ရိုဟင်ဂျာနဲ့မွတ်စလင်အဖွဲ့တွေက မွန်းလွဲပိုင်း ၃ နာရီမှာတော့ အမေရိကန်လွှတ်တော်ရှေ့က House Triangle ဆိုတဲ့ မြက်ခင်းပြင်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။
-
2014-02-27 -
-
-
Your browser doesn’t support HTML5 audio
မနေ့မနက်က ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့ ဆန္ဒပြခဲ့ကြတဲ့ ရိုဟင်ဂျာနဲ့မွတ်စလင်အဖွဲ့တွေက မွန်းလွဲပိုင်း ၃ နာရီမှာတော့ အမေရိကန်လွှတ်တော်ရှေ့ က House Triangle ဆိုတဲ့ မြက်ခင်းပြင်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီသတင်းစာရှင်းလင်းပွဲကို ကယ်လီဖိုး နီးယားပြည်နယ်က ရီပတ်ပလစ်ကန်ပါတီ ကိုယ်စားလှယ် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဌ မစ္စတာ Ed Royce က မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေကို လူမျိုးတုန်းသုတ်သင်နေတာ၊ ခရစ်ယာန်တွေ၊ မွတ်စလင်တွေကို နှိပ်ကွပ်နေတာတွေကိုလည်း ရပ်ရမယ်လို့မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ မိမိတို့အနေနဲ့ ချီးကျူးသလို၊ မွတ်စလင်တွေကို ဖိနှိပ်မှုမှာ အစိုးရတပ်တွေက အရေးမယူပဲ လျစ်လျူရှုနေတာ ဒါမှမဟုတ် ပါဝင်ပါတ်သက်နေတာတွေ ရှိတဲ့အကြောင်း မိမိတို့သိထားတယ်လို့ဆိုပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့မိမိနိုင်ငံသားတွေကို ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် လူ့အခွင့်အရေးနဲ့လွတ်လပ်ခွင့်ပေးပြီး၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ စုပေါင်းနေထိုင်တဲ့ နိုင်ငံဖြစ်အောင်ဆောင် ရွက်ရမှာ ဖြစ်တယ်လို့ပြောလိုက်ပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲကို ကယ်လီဖိုးနီးယားပြည်နယ်က ရီပတ်ပလစ်ကန် အမတ်တစ်ဦးဖြစ်တဲ့ မစ္စတာ Dana Rohrabacher လည်း တက်ရောက်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု လွှတ်တော်ရှေ့ မြက်ခင်းပြင်မှာ မနေ့က မွန်းလွဲပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ရိုဟင်ဂျာနဲ့အမေရိကန်ရောက် မြန်မာမွတ်စလင်အဖွဲ့တွေရဲ့ သတင်းစာရှင်းလင်းပွဲကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်တင်ပြထားပါတယ်။