မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အပြင်က ဆိုင်ခန်းအချို့မီးလောင်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့က ၁၀၅ မိုင် အထူးကုန်သွယ်ရေးဇုန် အပြင်ဘက်အခြမ်းက ဆိုင်ခန်းအချို့ အောက်တိုဘာလ ၂၇ ရက် ဒီနေ့မနက်အစောပိုင်း ၁၂ နာရီခွဲချိန်ခန့် မီးစတင်လောင်ကျွမ်းခဲ့ပါတယ်။

မူဆယ် ၁၀၅ မိုင် အထူးကုန်သွယ်ရေးဇုန်မှာ ၂၀၂၁ အောက်တိုဘာလ ၂၇ ရက်နေ့ မနက်က မီးလောင်းနေစဥ် Photo - MFSD

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့က ၁၀၅ မိုင်အထူးကုန်သွယ်ရေးဇုန် အပြင်ဘက် အခြမ်းက ဆိုင်ခန်းအချို့ အောက်တိုဘာလ ၂၇ ရက် ဒီနေ့မနက် အစောပိုင်း ၁၂ နာရီခွဲချိန်ခန့် မီးစတင်လောင်ကျွမ်းခဲ့ပါတယ်။

“ကုန်သွယ်ရေးဇုန်က အတွင်းဘက်မှာရှိတာ၊ အခုက အပြင်ဘက်အခြမ်းနားက ဆိုင်းခန်းတွေ လောင်တာ ဗျ၊ ဘယ်ကနေ စလောင်သလဲဆိုတာတော့ တိတိကျကျ မသိရသေးဘူး” လို့ မူဆယ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကတော့ မူဆယ်မြို့နယ် မီးသတ်ရော၊ ခရိုင်မီးသတ်နဲ့ပါ မီးငြှိမ်းသတ်ခဲ့ရပြီး မနက် ၂ နာရီအချိန်လောက်မှ မီးငြိမ်းသွားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံက ကိုဗစ်ကပ်ရောဂါ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့ကတည်းက နယ်စပ် ကုန်သွယ်ရေး ဂိတ်တွေကို ပိတ်ထားတာကြောင့် ပို့ကုန်၊ သွင်းကုန်ပစ္စည်းတွေ နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေမှာ ပိတ်မိနေပြီး ဇုန်ထဲမှာ လောင်ခဲ့ရင်တော့ ပျက်စီးဆုံးရှုံးမှု များနိုင်မယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org