မူဆယ် ဂိမ်းရုံပစ်ခတ်မှု ပြည်သူ့စစ်တစ်ဦးနဲ့ အရပ်သားတစ်ဦး သေဆုံး

တရုတ် - မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ မန်မော်ရွာကြားက KKK ဂိမ်းဆိုင်မှာ အောက်တိုဘာလ ၂၇ ရက် မနေ့နေ့လယ်ပိုင်း ပစ်ခတ်မှုဖြစ်ခဲ့ တာကြောင့် ပြည်သူ့စစ်တစ်ဦးနဲ့ အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာ ရခဲ့ပါတယ်။

၂၀၂၁ အောက်တိုဘာ ၂၇ ရက်နေ့ မူဆယ်မြို့နယ်က KKK ဂိမ်းဆိုင် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူကို သယ်ဆောင်နေစဥ် Photo: CJ

တရုတ် - မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ မန်မော်ရွာကြားက KKK ဂိမ်းဆိုင်မှာ အောက်တို ဘာလ ၂၇ ရက် မနေ့နေ့လယ်ပိုင်း ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် ပြည်သူ့စစ်တစ်ဦးနဲ့ အရပ်သားတစ်ဦး သေဆုံး ပြီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ပစ်ခတ်မှုကြောင့် ဂိမ်းကစားနေတဲ့ ကျပန်းအလုပ်သမား အသက် ၃၅ နှစ်အရွယ် ကိုနိုင်ဦး သေဆုံးခဲ့ပြီး ပလောင်တိုင်းရင်းသား အိုက်လုပ်ကတော့ ဒဏ်ရာရခဲ့တာကြောင့် မူဆယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနားမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

အဲဒီဂိမ်းဆိုင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အသစ်ဖွင့်လှစ်ထားတာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့ စစ်အဖွဲ့ တွေ စောင့်ကြပ်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ်အဖွဲ့အမည်ကိုတော့ တိတိကျကျမသိရဘူးလို့ သေဆုံးသူ တွေကို ဆေးရုံပို့ဆောင်ပေးခဲ့တဲ့ မူဆယ်ပါရမီလူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

၁၀၅ မိုင် ဒေသခံတွေကလည်း မူဆယ်နဲ့ ၁၀၅ မိုင်ထဲက ပြည်သူ့စစ်အဖွဲ့တွေ အားလုံးနီးပါးကို သိကြပေမယ့် ပစ်ခတ်မှုဖြစ်တဲ့ ပြည်သူ့စစ်အဖွဲ့အမည်ကိုတော့ မသိကြဘူးလို့ ပြောကြပါတယ်။

၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ထဲမှာ ဂိမ်းကစားရုံ ၁၀ ရုံခန့်ရှိပေမယ့် အများစုဟာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ဆက်စပ်နေပြီး မကြာခဏ ပစ်ခတ်ခံရမှုတွေရှိနေတယ်လို့ ဇုန်ထဲမှာ နေထိုင်သူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org