မုံရွာမြို့အနီး အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်

မုံရွာမြို့ အနောက်ဖက် မိုင် ၅၀ ကျော်အကွာကိုဗဟိုပြုပြီး ပြင်းအားအဆင့် ၅ ဒသမ ၅ ရှိတဲ့ ငလျင်တစ်ခု ဒီနေ့ နေ့လည် ၃ နာရီ ၅ မိနစ်လောက်က လှုပ်ခတ်သွားခဲ့ပါတယ်။

မုံရွာမြို့ အနောက်ဖက် မိုင် ၅၀ ကျော်အကွာကိုဗဟိုပြုပြီး ပြင်းအားအဆင့် ၅ ဒသမ ၅ ရှိတဲ့ ငလျင်တစ်ခု ဒီနေ့ နေ့လည် ၃ နာရီ ၅ မိနစ်လောက်က လှုပ်ခတ်သွားခဲ့ပါတယ်။

ငလျင်ဒဏ်ကြောင့် ကနီမြို့တဝိုက်က စေတီပုထိုး ၅ ဆူနဲ့ မူလတန်းကျောင်းတကျောင်း ပျက်စီးသွားတယ်လို့ လူမှုကူညီရေးသမား ကိုဝင်းဇော်ခိုင်က RFA ကိုပြောပါတယ်။

"ဒီမှာတော့ စေတီတော်ငါးဆူပေါ့နော်၊ နှစ်ဆူကတော့ ပြိုကျသွားတာပေါ့၊ သုံးဆူကတော့ ယိုင်လဲသွားတာပေါ့ ၊ တောင်ပေါ်မှာရှိတဲ့ ရွှေမြင်းဖြူ သမိုင်းဝင်စေတီတော်ရဲ့ ငှက်မျက်နားတော်နားကနေပြီးတော့မှ ပြတ်ကျသွား တယ်ပေါ့နော်၊ နောက်ရပ်ကွက် ၂ က မူလတန်းဆောင် အက်ကွဲသွားတာပေါ့"

ငလျင်အရှိန်ဟာ မန္တလေး၊ မြင်းခြံ၊ ညောင်ဦးမြို့တွေထိ ရိုက်ခတ်သွားတယ်လို့လည်း သိရပါတယ်။ ဒီနေ့ ငလျင်လှုပ်သွားတဲ့ဒေသတွေဟာ စစ်ကိုင်းပြတ်ရွေ့ကြောမှာပါဝင်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org