မွန်ညီညွတ်ရေးပါတီက ဗဟိုအောင်နိုင်ရေးကော်မတီဖွဲ့စည်း
မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ၊ ရန်ကုန်နဲ့ ပဲခူးတိုင်းတွေမှာ ကိုယ်စားလှယ် လောင်း ၇၀ နီးပါးနဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် မွန်ညီညွတ်ရေးပါတီ MUP က ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပါပြီ။
-
2020-08-29 -
-
-
မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ၊ ရန်ကုန်နဲ့ ပဲခူးတိုင်းတွေမှာ ကိုယ်စားလှယ်လောင်း ၇၀ နီးပါးနဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် မွန်ညီညွတ်ရေးပါတီ MUP က ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပါပြီ။
အောင်နိုင်ရေးကော်မတီကို ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ၊ အရင်ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ငန်းဆောင်ရွက်ဖူးတဲ့ အတွေ့အကြုံရှိသူတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ကော်မတီမှာ နိုင်စိုးမြင့်၊ နိုင်စံလှိုင်၊ မင်းကြည်ဝင်း အစရှိတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ပါတယ်။
ပါတီအနေနဲ့ ဖက်ဒရယ်တည်ဆောက်ရေးကို ဆောင်ရွက်ဖို့ ကတိပေးမဲဆွယ် စည်းရုံးသွားမှာဖြစ်ပြီး လက်ရှိမှာ ကိုယ်စားလှယ်လောင်းတွေနဲ့ ဒေသခံတွေကို မိတ်ဆက်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ပါတီရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် နိုင်သန်းရွှေက ပြောပါတယ်။
မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ပူးပေါင်းပြီး တည်ထောင်ထားတဲ့ မွန်ညီညွတ်ရေး ပါတီဟာ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆၇ ဦး ရွေးကောက်ပွဲဝင်မှာဖြစ်ပြီး အမျိုးသား ၇၄ ရာခိုင်နှုန်းကျော်၊ အမျိုးသမီး ၂၅ ရာခိုင်နှုန်းကျော် ပါဝင်ပါတယ်။
အသက်အရွယ်အားဖြင့် ၄၀ အောက် ကိုယ်စားလှယ်လောင်း ၃၄ ရာခိုင်နှုန်းကျော်ပါပြီး ၄၀ အထက်က ၆၅ ရာခိုင်နှုန်းကျော် ပါဝင်ပါတယ်။