ဒု ရဲမှူးဟောင်း မိုးရန်နိုင် ဇန်နဝါရီ မှာ မလွတ်သေး

ထောင်ဒဏ်တစ်နှစ် ကျခံနေရတဲ့ ဒု ရဲမှူးဟောင်း မိုးရန်နိုင်ဟာ လာမယ့် ဖေဖော်ဝါရီလထဲမှာ ပြန်လွတ် မြောက်လာနိုင်မယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တရားလိုသက်သေ ဒုရဲမှူး မိုးရန်နိုင် ကို အင်းစိန်မြို့နယ် တရားရုံးမှာ ၂၀၁၈ ခုနှစ်၊ မေလ ၉ ရကေ်န့က တွေ့ရစဉ် (ယာဘက်ပုံ) Photo: Kyaw Zaw Win/ RFA

ထောင်ဒဏ်တစ်နှစ် ကျခံနေရတဲ့ ဒု ရဲမှူးဟောင်း မိုးရန်နိုင်ဟာ လာမယ့် ဖေဖော်ဝါရီလထဲမှာ ပြန်လွတ် မြောက်လာနိုင်မယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လာမယ့် ဇန်နဝါရီလ ၂ ရက်နေ့မှာ လွတ်မြောက်မယ်ဆိုပြီး ဒု ရဲမှူးဟောင်း မိုးရန်နိုင်ရဲ့ ဇနီးဖြစ်သူ ဒေါ်တူးတူးရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပေမယ့် အဲဒီသတင်းကို အကျဉ်းဦးစီးဌာနတာဝန်ရှိသူ က RFA ကို ငြင်းဆိုလိုက်တာဖြစ်ပါတယ်။

ဒု ရဲမှူးဟောင်း မိုးရန်နိုင်ဟာ ရိုက်တာ သတင်းထောက် ၂ ဦး အမှုမှာ တရားလိုပြသက်သေအဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး တရားရုံးမှာ သူကြုံတွေ့ သိရှိတဲ့အတိုင်း မကြောက်မရွံ့ ထွက်ဆိုခဲ့တဲ့အတွက် တရားလိုရှေ့နေဘက်က  မယုံကြည်ရသက်သေအဖြစ် တင်သွင်းခံခဲ့ရသူဖြစ်သလို ရဲစည်းကမ်း ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်ခံထားရတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org