ကိုးကန့်နဲ့ စစ်ကောင်စီတို့ အပစ်ရပ်

စစ်ကောင်စီနဲ့ MNDAA တို့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးကြတယ်လို့ တရုတ်နိုင်ငံခြားရေးဌာနရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဒီနေ့ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံခြားရေဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဥ်။ Ministry of Foreign Affairs - The People’s Republic of China Photo

စစ်ကောင်စီနဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးကြတယ်လို့ တရုတ်နိုင်ငံခြားရေးဌာနရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဒီနေ့ ဖော်ပြထားပါတယ်။

ကိုးကန့်တပ် ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြီးခဲ့တဲ့ စနေနေ့ကစလို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မော်နင်းက တနင်္လာနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ဘယ်အချက်တွေ သဘောတူကြတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မတွေ့ရပါဘူး။

မြန်မာပြည်မြောက်ပိုင်းက အခြေအနေပုံမှန်ပြန်ဖြစ်လာတာဟာ မြန်မာနိုင်ငံက အဖွဲ့အစည်းအားလုံးနဲ့ ဒေသတွင်း နိုင်ငံအားလုံးအတွက် ဘုံအကျိုးစီးပွားဖြစ်စေပြီး တရုတ်-မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက် လုံခြုံရေးအတွက်လည်း အထောက်အကူ ဖြစ်စေတယ်လို့ မော်နင်းက ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဥ်အတွက် ဆက်လက်ပြီး ပံ့ပိုးကူညီသွားမယ်လို့လည်း ဆိုပါတယ်။

နောက်ဆက်တွဲအနေနဲ့ ဒီနေ့မှာပဲ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကနေ ကုန်ပစ္စည်းတင်သွင်းခွင့် ပြန်ရနေပြီလို့ ဒေသခံတွေက ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org