အဖွဲ့ ၃ ဖွဲ့က အလွတ်သဘော ဆွေးနွေးမှု ကမ်းလှမ်းချက် လက်မခံ

မြန်မာအမျိုးသား မဟာမိတ်တပ်မတော် MNDAA ၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်မတော် AA တို့နဲ့ အလွတ်သဘော တွေ့ဆုံလိုကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး (ဟောင်း) ဦးခင်ဇော်ဦးနဲ့ အဖွဲ့က ကမ်းလှမ်း တာကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့က ငြင်းပယ် လိုက်ပါတယ်။

TNLA အဖွဲ့က ဗိုလ်မှူးကြီး မိုင်းဖုန်းကျော် ကို တွေ့ရစဉ် Photo: Kan Thar/RFA

မြန်မာအမျိုးသား မဟာမိတ်တပ်မတော် MNDAA ၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်မတော် AA တို့နဲ့ အလွတ်သဘော တွေ့ဆုံလိုကြောင်း ဒုတိယဗိုလ်ချုပ်ကြီး (ဟောင်း) ဦးခင်ဇော်ဦးနဲ့ အဖွဲ့က ကမ်းလှမ်းတာကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့က ငြင်းပယ်လိုက်ပါတယ်။

လက်ရှိ ရခိုင်နဲ့ ရှမ်းပြည်မြောက်ပိုင်းတို့မှာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေပြီး UPWC အနေနဲ့ ဘယ်လို ကိုယ်စားပြုပြီး ဖိတ်ကြားသလဲဆိုတာလည်း စဉ်းစားစရာတွေဖြစ်တဲ့အတွက် အခုလိုငြင်း ပယ်ရတာဖြစ်တယ်လို့ TNLA အဖွဲ့ က ဗိုလ်မှူးကြီး မိုင်းဖုန်းကျော်က ပြောပါတယ်။

အရင်က MPC ခေါင်းဆောင်တချို့ပေါ့နော် ဦးလှမောင်ရွှေတို့၊ ကိုညိုအုန်းမြင့်တို့၊ ဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦးတို့က ကျနော်တို့ကို အလွတ်သဘောတွေ့ချင်တယ်ဆိုတာမျိုး ချဉ်းကပ်လာပါတယ်၊ ကျနော်တို့ကို အလွတ်သဘောတွေ့ဖို့ အဓိကက ဘာကိစ္စတွေဖြစ်မလဲဆိုတဲ့အပေါ်မှာ သုံးသပ်ပြီးတော့မှ ယနေ့ အထိ နိုင်ငံရေးအခြေအနေအရ လက်ရှိအခြေအနေအရ ကျနော်တို့က မတွေ့ချင်သေးဘူးလို့ ပြောတာပါ၊ အခုဟာက ဘယ်လိုအနေအထား ဘယ်လိုပုံစံနဲ့ ကိုယ်စားပြုမှုမျိုးနဲ့ အလွတ်သဘောတွေ့မယ်ဆိုတာ စဉ်းစားစရာတွေ အများကြီးရှိတယ်၊ ကျနော်တို့က မတွေ့နိုင်သေးဘူးဆိုတဲ့ဟာ ထုတ်ပြန်ခြင်းဖြစ်ပါတယ်”

အဲ့ဒီ တိုင်းရင်းသား အဖွဲ့ ၃ ဖွဲ့က ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။

UPWC အဖွဲ့က အဲ့ဒီတိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံလိုကြောင်း UNFC ဒု-ဥက္ကဌ ဦးနိုင်ဟံသာ ကနေတဆင့် ပြီးခဲ့တဲ့ရက်ပိုင်းက ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

အစိုးရသစ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ဘက်က တွေ့ဆုံလိုကြောင်း ကမ်းလှမ်းလာမယ်ဆိုရင် ကြိုဆို မှာဖြစ်တယ်လို့ ပြောပါတယ်။ MNDAA TNLA နဲ့ AA အဖွဲ့တို့ဟာ မဟာမိတ်အဖြစ် ပူးပေါင်းထားတဲ့ အဖွဲ့တွေဖြစ်ကြပြီး ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က အပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်မရေးထိုးထားတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org