မွန်ပြည်နယ်ဝန်ကြီးချုပ် ဒီရက်ပိုင်း အတွင်း နှုတ်ထွက်စာ တင်မည်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ဝန်ကြီးချုပ်တာဝန်ကနေ နှုတ်ထွက်ကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်မှာ ကြေညာလိုက်ပါတယ်။

၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ စတုတ္ထအကြိမ် ပြန်လည်စတင်ကျင်းပတဲ့ မွန်ပြည်နယ်လွှတ်တော် အစည်းအဝေး ပထမနေ့မှာ ဝန်ကြီးချုပ် ဦးမင်းမင်းဦး မိန့်ခွန်းပြောကြားနေစဉ် Photo: Kyaw Lwin Oo/RFA

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ဝန်ကြီးချုပ်တာဝန်ကနေ နှုတ်ထွက်ကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်မှာ ကြေညာ လိုက်ပါတယ်။

ဒီရက်ပိုင်းအတွင်း တရားဝင် နှုတ်ထွက်စာတင်မှာဖြစ်ကြောင်းနဲ့ သူ့အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တယ်လို့ သဘောထားပေးဖို့ ဦးမင်းမင်းဦး က ပြောပါတယ်။

ဦးမင်းမင်းဦး ဟာ ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဌ ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ဘီးလင်းမဲဆန္ဒနယ်အမှတ်(၂)ကနေ အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးနောက် မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌအဖြစ် တာဝန်ပေးခံထားရာကနေ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံရတာဖြစ် ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုထံ တိုင်ကြားခံရသူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ဦးမင်းမင်းဦးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း  ပါတီဗဟိုက ဖွဲ့စည်းထားတဲ့ လေ့လာသုံးသပ်ရေးအဖွဲ့ရဲ့ ခေါ်ယူမေးမြန်းမှုကို ခံရသူလည်းဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ဝန်ကြီးချုပ်တစ်ဦး နှုတ်ထွက်တာ ဒါပထမဆုံးဖြစ်ပါတယ်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ဝန်ကြီးချုပ်တာဝန်ကနေ တရားဝင်နှုတ်ထွက်စာ တင်မှာဖြစ်ကြောင်း ပြောပါတယ်။

တစ်နှစ်နီးပါးကြာ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့တဲ့ ဦးမင်းမင်းဦးဟာ ဒီနေ့မနက်မှာ ဝန်ကြီးချုပ်တာဝန် ကနေ နှုတ်ထွက်ကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်စ်မှာ ကြေညာထားပါတယ်။

သူ့အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တာဖြစ်ကြောင်းနဲ့ တာဝန်လွဲှပြောင်းမှုတွေ ဆောင်ရွက်နေစဉ် ကာလအတွင်း ပြောသင့်တာတွေပြောသွားမယ်လို့လည်း ဦးမင်းမင်းဦး က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org