တပိုင်တနိုင်ပယင်းတူးဖော်ခွင့် ချထားပေးဖို့ စီစဉ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း တပိုင်တနိုင် ပယင်းလုပ်ကွက်တွေ ချထားပေးနိုင် ဖို့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာအလိုက် တာဝန်ရှိ သူတွေဟာ လုပ်ကွက်မြေပုံတိုင်းတာရေး လုပ်ငန်းစဉ်တွေ စတင်နေပြီလို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသက ရေမဆေးကျောက် ရှာဖွေတဲ့လုပ်ငန်းတစ်ခုကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း တပိုင်တနိုင် ပယင်းလုပ်ကွက်တွေ ချထားပေးနိုင်ဖို့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာအလိုက် တာဝန်ရှိသူတွေဟာ လုပ်ကွက်မြေပုံတိုင်းတာရေး လုပ်ငန်းစဉ်တွေ စတင်နေပြီလို့ သိရပါတယ်။

ခန္တီးမြို့ကနေ ဖားကန့်မြို့သွားလမ်းအတိုင်း ကားနဲ့ ၅ နာရီခန့်မောင်းမယ်ဆိုရင် ရောက်ရှိတဲ့ ပယင်းမှော်မှာ တပိုင်တနိုင် လုပ်ကွက်တွေချပေးဖို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြေစာရင်းနဲ့ သစ်တောဦးစီးဌာန တာဝန်ရှိသူတွေဟာ မြေပုံတွေတိုင်းတာနေပြီး မကြာခင် တိုင်းဒေသကြီး အစိုးရထံ တင်ပြတော့မှာဖြစ်တယ်လို့ ခန္တီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်း က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ကျောက်စိမ်းလုပ်ကွက်တွေ ချထားပေးစဉ်မှာ တပိုင်တနိုင် ပယင်းလုပ်ကွက်တွေ ချထားပေးဖို့ လွှတ်တော် ကိုယ်စားလှယ်တွေ တင်ပြခဲ့တာလို့ သိရပါတယ်။

တိုင်းဒေသကြီး အစိုးရက စိစစ်ပြီး ခွင့်ပြုမယ်ဆိုရင် ဒီနှစ်အတွင်း တပိုင်တနိုင် ပယင်းတူးဖော်ခွင့်ရရှိမှာ ဖြစ်တယ်လို့ ဦးသိန်းလှိုင်ဝင်းက ပြောပါတယ်။

အစိုးရက ခန္တီးမြို့နယ်အတွင်း ကချင်တိုင်းရင်းသား ကုမ္ပဏီတစ်ခုကို ပယင်း လုပ်ကွက် ၁၃ ခုမှာ တူးဖော်ခွင့် ချထားပေးခဲ့ရာမှာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက လုပ်ကိုင်ခွင့် သက်တမ်းစေ့ပြီဖြစ်လို့ ကုမ္ပဏီက တူးဖော်ခွင့်ရပ်နား ထားရပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org