စစ်ခေါင်းဆောင် တရုတ်နိုင်ငံ သွားရောက်မည်

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို လာမယ့်လမှာ သွားရောက်ဖို့ ရှိနေပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူး‌ကြီး မင်းအောင်လှိုင်အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့က နေပြည်တော်တွင် တွေ့ရစဉ်။ Myanmar Military Photo

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို လာမယ့်လမှာ သွားရောက်ဖို့ ရှိနေတယ်လို့ AFP သတင်းက အောက်တိုဘာ ၁၆ ရက် ဒီနေ့ သတင်းမှာ ဖော်ပြပါတယ်။

ဒီခရီးစဉ်ဟာ စစ်ခေါင်းဆောင်ရဲ့ အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံကို သွားရောက်တဲ့ ပထမဦးဆုံးခရီးစဉ် ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိလာချိန်ကတည်းက စစ်ခေါင်းဆောင်ဟာ နိုဝင်ဘာလမှာ တရုတ်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတာလို့လည်း ဖော်ပြပါတယ်။

တရုတ်နိုင်ငံဟာ လတ်တလော စစ်ကောင်စီကို ထောက်ပံ့ကူညီမှုတွေနဲ့ ပိုပြီးနီးနီးကပ်ကပ် ထိတွေ့ဆက်ဆံလာပြီး စစ်ကောင်စီက ကျင်းပနိုင်ဖို့ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲ အစီအစဉ်ကိုလည်း ထောက်ခံအားပေးထားပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးနောက် အဓိက မဟာမိတ် အင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ ရုရှားနိုင်ငံကိုလည်း သုံးကြိမ်တိုင် သွားရောက်ထားပြီး ၂၀၂၂ ခုနစ်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org