စစ်ခေါင်းဆောင်နဲ့ ရုရှားတို့ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေမှာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားနိုင်ငံ၊ ဘူရားတီးရား ပြည်နယ်အစိုးရ ဥက္ကဋ္ဌ H.E.Mr. Alexey Sambuevich Tsydenov တို့ ဆွေးနွေးခဲ့ပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ် အစိုးရ ဥက္ကဋ္ဌ အဖွဲ့အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ Myanmar Military

မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေမှာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားနိုင်ငံ၊ ဘူရားတီးရား ပြည်နယ်အစိုးရ ဥက္ကဋ္ဌ H.E.Mr. Alexey Sambuevich Tsydenov တို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ထိန်းချုပ်သတင်းစာတွေက နိုဝင်ဘာလ ၁၆ ရက် ဒီနေ့ ဖော်ပြပါတယ်။

စီးပွားရေး ကဏ္ဍတွေဖြစ်တဲ့ စိုက်ပျိုးရေး၊ သစ်တောထွက် ပစ္စည်းထုတ်လုပ်ရေး၊ စက်မှုကုန်ထုတ် နည်းပညာပူးပေါင်းဆောင်ရွက်ရေးနဲ့ ခရီးသွားလုပ်ငန်း ကဏ္ဍတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီ့အပြင် ဘာသာရေးနဲ့ ယဉ်ကျေးမှု၊ ပညာတော်သင် စေလွှတ်ရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေလည်း ပါဝင်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရုရှားနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စစ်ဘက်နဲ့ စီးပွားရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ မကြာခဏ တွေ့ဆုံဆွေးနွေးမူတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း ဓာတ်မြေဩဇာစက်ရုံတွေ တည်ဆောက်ဖို့နဲ့ ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်စက်ရုံတွေအတွက် ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ (MoC) ကို လက်မှတ်ရေးထိုး ထားပါတယ်။

စစ်ကောင်စီဟာ အာဆီယံ - ရုရှား မိတ်ဖက်ဆက်ဆံရေးအတွက် ညှိနှိုင်းရေးမှူးတာဝန်ကို ၂၀၂၄ ခုနှစ်ကနေ ၂၀၂၇ နှစ်အထိ တာဝန်ယူထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org