ဂန့်ဂေါ-ထီးလင်းလမ်းမှာ စစ်ကောင်စီယာဉ်တန်းကို YDF မိုင်းခွဲတိုက်ခိုက်

မကွေးတိုင်း ဂန့်ဂေါ-ထီးလင်း လမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်းကို ယောဒေသကာကွယ်ရေးအဖွဲ့ YDF က ဒီနေ့ ဇူလိုင် ၂၈ ရက်၊ မနက် ၇ နာရီခွဲအချိန်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ အမည်မဖော်လိုသူ YDF အဖွဲဝင်တစ်ယောက်က RFA ကို အတည်ပြုပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၂၀၂၁၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ရစဉ် Photo: REUTERS

မကွေးတိုင်း ဂန့်ဂေါ-ထီးလင်း လမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်းကို ယောဒေသကာကွယ်ရေးအဖွဲ့ YDF က ဒီနေ့ ဇူလိုင် ၂၈ ရက်၊ မနက် ၇ နာရီခွဲအချိန်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ အမည်မဖော်လိုသူ YDF အဖွဲ့ဝင် တစ်ယောက်က RFA ကို အတည်ပြုပြောပါတယ်။

စစ်ကောင်စီရဲ့ ခလရ ၅၀ တပ်က စစ်ထရပ်ကား လေးစီးဟာ ဂန့်ဂေါမြို့ကနေ ထီးလင်းမြို့နယ်ဘက်ကို သွားနေချိန် လမ်းမှာ YDF အဖွဲ့က မိုင်းခွဲတိုက်ခိုက်ရာမှာ နှစ်စီး မိုင်းထိခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က သေဆုံးသူ အနည်းဆုံး ၂၀ လောက်ရှိနိုင်သလို ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ယောဒေသကာကွယ်ရေးအဖွဲ့ YDF ဘက်မှာတော့ ထိခိုက်၊ သေဆုံးသူ မရှိဘူးလို့လည်း YDF က ပြောပါတယ်။

RFA အနေနဲ့ ဒီဖြစ်ရပ်ကနေ သေဆုံးသူ၊ ဒဏ်ရာရရှိသူ စာရင်းအတိအကျကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

YDF အဖွဲ့ကို ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့က စတင်ဖွဲ့စည်းထားပြီး မြိုင် PDF၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ MDPDF တို့နဲ့ ပူးပေါင်းထားတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org