ရတနာပုံတက္ကသိုလ်မှာ လုံခြုံရေးနဲ့ သန့်ရှင်းရေးဝန်ထမ်း တိုးမြှင့်ပေးရေး ဗကသဆန္ဒပြ

ရတနာပုံတက္ကသိုလ်အတွင်း လုံခြုံရေးတာဝန်ယူပေးရေးနဲ့ သန့်ရှင်းရေးဝန်ထမ်းတွေ တိုးမြှင့်ချ ထားပေးရေးအတွက် ရတနာပုံတက္ကသိုလ်က ဗကသ ကျောင်းသားခေါင်းဆောင်တွေ ဒီနေ့ ကျောင်းရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

သန့်ရှင်းရေးဝန်ထမ်း တိုးမြင့်ပေးရေးနဲ့ လုံခြုံရေးတာဝန်ယူပေးဖို့ ရတနာပုံတက္ကသိုလ်ရှေ့မှာ ဗကသကျောင်းသားတချို့ ၂၀၁၈ နိုဝင်ဘာလ ၂၉ ရက်နေ့က ဆန္ဒပြစဉ် Photo: Khaymani Win/RFA

ရတနာပုံတက္ကသိုလ်အတွင်း လုံခြုံရေးတာဝန်ယူပေးရေးနဲ့ သန့်ရှင်းရေးဝန်ထမ်းတွေ တိုးမြှင့်ချထားပေးရေးအတွက် ရတနာပုံတက္ကသိုလ်က ဗကသ ကျောင်းသားခေါင်းဆောင်တွေ ဒီနေ့ ကျောင်းရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ရတနာပုံတက္ကသိုလ် ဗကသများအဖွဲ့က စည်းရုံးရေးမှူး ကိုရဲမျိုးဆွေက တောင်းဆိုမှုတွေကို မလိုက်လျောပေးရင် ဆက်ပြီး ဆန္ဒပြတောင်းဆိုသွားမယ်လို့ ပြောပါတယ်။

လုံခြုံရေးနဲ့ သန့်ရှင်းရေးအတွက် တာဝန်ရှိသူတွေနဲ့ အေးအေးဆေးဆေးညှိနှိုင်းပြီး ဖြေရှင်းခဲ့ပေမဲ့ အစိုးရက တာဝန်မခံလို့ ဆန္ဒပြတောင်းဆိုရတာလို့လည်း ပြောပါတယ်။

ဒီ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ ရတနာပုံတက္ကသိုလ်ကျောင်းက ကျောင်းသားတွေရဲ့ တန်ဖိုးမြင့် ယိုးဒယားဆိုင်ကယ် အစီး ၂၀ လောက်ပျောက်ဆုံးခဲ့ပြီး ဒီရက်ပိုင်းအတွင်းမှာလည်း ပျောက်ဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

အခုလိုပျောက်ဆုံးမှုတွေရှိနေတာကြောင့် ရတနာပုံတက္ကသိုလ် ဆိုင်ကယ်အပ်နှံရာက ရရှိတဲ့ငွေကြေးကို ကျောင်းအတွက် ပြန်လည်အသုံးချဖို့ တောင်းဆိုတာဖြစ်တယ်လို့ ပြောပါတယ်။

နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း ဒီကိစ္စကို ဖြေရှင်းပေးဖို့ တိုင်းအစိုးရကို သွားရောက်တောင်းဆိုခဲ့ပေမဲ့ အဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခမဏီဝင်း ပေးပို့လိုက်တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org