မန္တလေးစည်ပင်ရွေးကောက်ပွဲ ကျင်းပ
မန္တလေးစည်ပင်သာယာရေးကော်မ တီရွေးကောက်ပွဲကို မြို့နယ် ၆ မြို့နယ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
-
2016-09-25 -
-
-
မန္တလေးစည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကို မြို့နယ် ၆ မြို့နယ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
ချမ်းအေးသာစံ ချမ်းမြသာစည် အောင်မြေသာစံ မဟာအောင်မြေ ပြည်ကြီးတံခွန် အမရပူရ စတဲ့မြို့နယ် ၆ ခု အတွက် ကိုယ်စားလှယ်လောင်း ၃၆ ဦးက ဝင်ရောက် ယှဉ်ပြိုင်တာဖြစ်ပြီး ၆ ဦးကို ရွေးကောက်တင်မြှောက်သွား မှာဖြစ်ပါတယ်။
အဲဒီရွေးကောက်ပွဲအတွက် ကော်မရှင်ဥက္ကဌအဖြစ် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က တာဝန်ယူဆောင် ရွက်နေတာဖြစ်ပါတယ်။
အဲဒီ ၆ မြို့နယ်မှာ ဆန္ဒမဲပေးခွင့်ရှိသူ တစ်သိန်းခွဲကျော်ရှိပြီး မဲရုံ ၂၃၂ ရုံ ထားရှိပါတယ်။
စည်ပင်ရွေးကောက်ပွဲမှာ အိမ်ထောင်စု တစ်ခုကို မဲတစ်မဲသာ ပေးခွင့်ရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြို့နယ်တစ်ခုရဲ့ မဲပေးခွင့်ရှိသူ ထက်ဝက်ကျော်လာရောက်မဲပေးမှသာ အဲဒီမြို့နယ်အတွက် ရွေးကောက်ပွဲ အထမြောက်မှာဖြစ် ပါတယ်။
စည်ပင်သာယာရေးကော်မတီဝင်တွေကို ပြည်သူလူထုက တိုက်ရိုက်မဲပေးရွေးချယ်တဲ့ စနစ်ကို ပြီးခဲ့တဲ့နှစ်က စတင်ကျင့်သုံးခဲ့ပြီး အခုတစ်ကြိမ်မှာတော့ ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲကျင်းပတာ ဖြစ်ပါတယ်။
ကော်မတီဝင်လောင်း ရွေးချယ်ပွဲကို ညနေ ၄နာရီထိ ကျင်းပတာဖြစ်ပြီး ရလဒ်ကို ည ၈ နာရီနောက်ပိုင်းမှာ ထုတ်ပြန်ပေးမယ်လို့ စည်ပင်ကော်မရှင်ရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ရွေးကောက်ပွဲကတဆင့် စည်ပင်ကော်မတီဝင် ၆ ဦးထဲက တစ်ဦးကို မန္တလေး ဒုတိယမြို့တော်ဝန်အဖြစ် ခန့်အပ်မှာ ဖြစ်ပါတယ်။ ကော်မတီရဲ့ သက်တမ်းဟာ လက်ရှိမန္တလေးတိုင်းအစိုးရအဖွဲ့ သက်တမ်းနဲ့အတူ ၂၀၂၀ မှာကုန်ဆုံးမှာဖြစ်ပါတယ်။