မလေးရှားရောက် မြန်မာတွေ အဖမ်းခံရ
မလေးရှားနိုင်ငံ Kedah (ကဒ) ပြည်နယ် ဆန်းဂေးပက်ထနီမြို့မှာ တစ်လသား ကလေးငယ် တစ်ယောက် အပါအဝင် မြန် မာ ၁၇၃ ယောက်ကို တရားမဝင်နေထိုင်မှုနဲ့ လူဝင်မှုကြီး ကြပ်ရေးက သောကြာနေ့ မနက်ပိုင်းမှာ ဖမ်းလိုက်ပါတယ်။
-
2015-04-11 -
-
-
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ရဲလာခေါ် အရပ်သား လုံခြုံရေး တပ်ဖွဲ့ဝင်များက ညသန်းခေါင်ကျော် စစ်ဆင်ရေးဖြင့် တရားမဝင် နိုင်ငံခြား အလုပ်သမားများကို ဖမ်းဆီးထားသော မှတ်တမ်း ဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
မလေးရှားနိုင်ငံ Kedah (ကဒ) ပြည်နယ် ဆန်းဂေးပက် ထနီမြို့မှာ တစ်လသားကလေးငယ် တစ်ယောက် အပါ အဝင် မြန်မာ ၁၇၃ ယောက်ကို တရားမဝင်နေထိုင်မှုနဲ့ လူဝင်မှုကြီးကြပ်ရေးက သောကြာနေ့ မနက်ပိုင်းမှာ ဖမ်းလိုက်ပါတယ်။
နေထိုင်ခွင့်လက်မှတ် အထောက်အထားမရှိတဲ့ အမျိုးသား ၈ဝ၊ အမျိုးသမီး ၄၆ ယောက်နဲ့ ကလေး ၄၇ ယောက်ကိုဖမ်းမိတာလို့ ကဒပြည်နယ် လူဝင်မှု ကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူး မိုဟာမက်ဟာရှင် က ပြောပါတယ်။ အဲ့ဒီထဲက ၄ ယောက်ကိုတော့ အမျိုးသားမှတ်ပုံတင်ဌာနမှာ လက်မှတ်လုပ်နိုင်ဖို့ လွှဲပေးမယ်လို့ဆိုပါတယ်။
အဲ့ဒီမြို့မှာ နိုင်ငံခြားသားတွေ တစ်နေ့တခြားများ လာနေတယ်လို့ ဒေသခံတွေကဝေဖန်ပြောဆို မှုတွေ ဖြစ်လာတဲ့အတွက် ရှာဖွေဖမ်းဆီးခဲ့တာလို့ သိရပါတယ်။