မြန်မာနိုင်ငံက ရာဇဝတ်မှုနဲ့ ဆက်စပ်တဲ့ မလေးရှား ဒု-ဝန်ကြီးဟောင်းကို အသေးစိတ်စစ်ဆေးမည်

ရဲကရရှိထားတဲ့ အချက်အလက်ကိုအခြေခံပြီး အမှုဖွင့် စုံစမ်းစစ်ဆေးတဲ့အပြင် အမှုမှာပါဝင်ပတ်သက်တဲ့ လူတစ်ဦးချင်းစီကိုလည်း ဖော်ထုတ်ထားတယ်လို့ ပြောပါတယ်။

၂ဝ၂ဝ ပြည့်နှစ်က ကွာလာလမ်ပူတွင် ကျင်းပသည့် Dongmei လုပ်ငန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်လာသော မလေးရှား ဒုဝန်ကြီးဟောင်း Datuk Mashitah Ibrahim။ Mashitah Ibrahim/Facebook

မြန်မာနိုင်ငံက လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်တဲ့ ဒု-ဝန်ကြီးဟောင်းနဲ့ သူ့ခင်ပွန်းကို အသေးစိတ် စစ်ဆေးမယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီးက ပြောကြားတဲ့အကြောင်း Malaymail က စက်တင်ဘာ ၄ ရက်က ဖော်ပြပါတယ်။

အမှုစုံစမ်းစစ်ဆေးဖို့ ရဲအဖွဲ့ကလည်း လူတစ်ဦးချင်းစီ ဆင့်ခေါ်တယ်လို့ ဆိုပါတယ်။ ရဲက ရရှိထားတဲ့ အချက်အလက်ကိုအခြေခံပြီး အမှုဖွင့် စုံစမ်းစစ်ဆေးတဲ့အပြင် အမှုမှာပါဝင်ပတ်သက်တဲ့ လူတစ်ဦးချင်းစီကိုလည်း ဖော်ထုတ်ထားတယ်လို့ ပြောပါတယ်။

အဲဒီ ပတ်သက်သူတချို့ကို ဆင့်ခေါ်ထားပြီး တချို့ကိုလည်း ဆင့်ခေါ်မယ်လို့ ဝန်ကြီးက ပြောကြားပါတယ်။

အမှု အပြီးသတ် စုံစမ်းစစ်ဆေးနိုင်ဖို့ သက်ဆိုင်သူအားလုံး ရဲတပ်ဖွဲ့ကို အထောက်အကူပေးနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ထုတ်ဖော်ပြောဆိုပါတယ်။

ဒု-ဝန်ကြီးဟောင်းနဲ့ ဆက်စပ်တဲ့ မြန်မာနိုင်ငံက လူကုန်ကူးမှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး အထောက်အကူအဖွဲ့အနေနဲ့ မလေးရှား နိုင်ငံတကာ လူသားချင်းစာနာရေး အဖွဲ့က ရဲကို စာရွက်စာတမ်းတွေ စက်တင်ဘာ ၃ ရက်က လွှဲအပ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org