မလေးရှားမှာ မြန်မာ ၅ဝ ကျော် ဖမ်းဆီးခံရ
မလေးရှားနိုင်ငံအတွင်း တရားမဝင်နေထိုင် သူတွေကို စီမံချက်နဲ့ဖမ်းဆီးတဲ့ အစီအစဉ် သစ်ကို မနက်ဖြန်မှာ စတင်မယ်လို့ ကြေ ညာထားပေမယ့် ဒီကနေ့မွန်းလွဲပိုင်းက ပီနန်းမြို့မှာ ဖမ်ဆီး ခဲ့ရာမှာ မြန်မာနိုင်ငံသား ၅ဝ ကျော် အဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။
-
2013-08-31 -
-
-
မလေးရှားနိုင်ငံအတွင်း တရားမဝင်နေထိုင်သူတွေကို စီမံချက်နဲ့ဖမ်းဆီးတဲ့ အစီအစဉ်သစ်ကို မနက်ဖြန်မှာ စတင်မယ်လို့ ကြေညာထားပေမယ့် ဒီကနေ့မွန်းလွဲပိုင်းက ပီနန်းမြို့မှာ ဖမ်ဆီးခဲ့ရာမှာ မြန်မာနိုင်ငံသား ၅ဝ ကျော် အဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။
မနက်ဖြန်စတင်မယ့် အော်ပရာစီလို့ လူသိများတဲ့ အဲဒစီမံချက်မှာ တရားဝင်စာရွက်စာတန်းမရှိသူတွေ ပြေးစရာမြေမရှိ လို့ ကြေညာထားပြီး၊ ရဲ၊ လူဝင်မူကြီးကြပ်ရေး၊ ပြည်သူ့စစ်စတဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးစစ်ဆေးမူတွေ ပြုလုပ်သွား မှာဖြစ်ပါတယ်။
ဒီကနေ့ ပီနန်းမြို့မှာ လူစည်ကားတဲ့ဈေးအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ပီနန်းမြို့က ကိုဘိုမြက ခုလိုပြောပါတယ်။
“အခုပီနန်းမှာ လူစည်ကားတဲ့နေရာ ဘူကစ်မာတာဂျန်မှာ တော်တော်ဆွဲသွားတယ်၊ လူကခန့်မှန်း လော်လီ နှစ်စီးဆို ၈ဝ လောက်ပါသွားတယ်၊ ခန့်မှန်း ဗမာက ၅ဝ လောက်ပါမယ်ထင်တယ်၊ ဗမာက အများစုဖြစ်နေတယ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားပါမယ်၊ တရားမဝင်နေတဲ့သူအများစုက ဗမာနဲ့ အင်ဒိုနီးရှားကပိုများတယ်”
အဖမ်းခံရသူ မြန်မာတွေထဲမှာ အများစုဟာ တရားဝင်စာရွက်စာတန်းမရှိသူတွေဖြစ်ပြီး ၁ဝ ဦးလောက်ကတော့ အထောက်အထား စာရွက်စာတမ်းရှိပေမယ့်၊ ပါမလာသူတွေဖြစ်တယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံမှာ စီမံချက်နဲ့ ဖမ်းဆီးမှုတွေမှာ တရားမဝင်နေထိုင်သူတွေများတဲ့ နေအိမ်၊ ရပ်ကွက်တွေကို အဓိကထားပြီး ညပိုင်းတွေမှာ ဝင်ရောက်ဖမ်းဆီးလေ့ရှိပေမယ့် ခုလိုဈေးအတွင်း ဝင်ရောက်ဖမ်းဆီးတာမျိုးတော့ သိပ်မတွေ့ရဘူးလို့ ပီနန်းမှာနေထိုင်တဲ့ မြန်မာတွေက ပြောပါတယ်။ အလားတူဖမ်းဆီးမှုတွေကို ကွာလာလမ်ပူမြို့ မြန်မာစားသောက်ဆိုင်တစ်ဝိုက်မှာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက စတင်ခဲ့တာလို့ သိရပါတယ်။