မလေးရှားမှာ မြန်မာ တိုင်းရင်းဆေးတွေ စတင်ဖြိုခွင်း


2014.01.24

မလေးရှားနိင်ငံမှာ တရားဝင်မှတ်ပုံမတင်ဘဲ ရောင်းချနေတဲ့ ကာမအားတိုးဆေးတွေ အပါအဝင် မြန်မာ တိုင်းရင်းဆေးတွေကို မလေးရှားအာဏာပိုင်တွေက ပထမဆုံးအကြိမ်အဖြစ် ရှောင်တခင် စတင်သိမ်းဆည်းနှိမ်နင်းနေပြီ ဖြစ်ပါတယ်။

မလေးရှား ကျန်းမာရေးဝန်ကြီးဌာနရဲ့nအစီအစဉ်နဲ့ အခုလိုနှိမ်နင်းနေတာဖြစ်ပြီး၊ အလေးချိန် ၁၀ တန် ကျော်၊ မြန်မာကျပ်ငွေ သိန်း ၆ ထောင်ကျော်တန်ဖိုးရှိတဲ့ တိုင်းရင်းဆေးတွေ သိမ်းဆည်းရမိကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောပါတယ်။

ကွာလာလာမ်ပူမြို့ပေါ်က ဆိုင် ၅ဆိုင်မှာ မနေ့ကစလို့ မြန်မာတိုင်းရင်းဆေးတွေကို ရုတ်တရက်စီးနင်း ဝင်ရောက်သိမ်းဆည်းနေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ မလေးရှားမှာ မြန်မာ့အရေး ကူညီဆောင်ရွက်ပေးနေတဲ့ သာရေးနာရေးအဖွဲ့က ကိုစမ်းဝင်းက အခုလို ပြောပါတယ်။

"မြန်မာပြည်ကနေပြီးတော့ မြန်မာတိုင်းရင်းဆေးတွေနဲ့ အခြားကိုယ်ပူပျောက်ဆေးတွေကို တင်ပို့တယ်။ တင်ပို့တဲ့အခါမှာ အဲဒီဆေးတွေဟာ တရားဝင်မှတ်ပုံတင်ထားတာ မရှိဘူး။ ဒီဆေးတွေကိုတင်ပို့နေတဲ့ Myanmar syndicate အဖွဲ့ကနေပြီးတော့ မလေးရှားနိုင်ငံဘာဆာမြို့မှာ ဆိုင်တစ်ဆိုင်ရှိတယ်။ ပါဆီယူနီယံ ပူထရီဆိုတဲ့ဆိုင်မှာ စတိုးဆိုင် ငါးခုရှိတယ်။ အဲဒီစတိုးဆိုင်တွေကို မလေးရှားဖမ်းဆီးရေးအဖွဲ့တွေက မနေ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးဖမ်းဆီးတယ်။ အလေးချိန် ၁၀တန်ခန့် ဖမ်းဆီးရမိခဲ့တယ်။ မြန်မာဆေးနဲ့ အခြားဟိုမုန်းဆေးများ၊ ကေသီပန်လိုဆေးမျိုးတွေကို ဖမ်းဆီးခဲ့တယ်။ မလေးရှားရင်းဂစ် နှစ်ဒဿမတစ်သန်း တန်ဖိုးရှိတယ်ပေါ့။"

အဲဒီဆေးတွေထဲမှာ အဖျားပျောက်ဆေး၊ ပဋိသန္ဓေတားဆေး၊ ကေသီပန်သွေးပုပ်ချဆေး၊ ဦးချန်တီလို အစာကျေဆေးတွေလည်း ပါဝင်တယ်လို့သိရပါတယ်။ ဆေးအများစုဟာ  မြန်မာနဲ့ အိန္ဒိယနိုင်ငံလုပ် ဆေးတွေဖြစ်တယ်လို့ မလေးရှားကျန်းမာရေးဌာန၊ မြို့နယ်ကျန်းမာရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး Syed Fadzli က ပြောပါတယ်။

ဒီဆေးအားလုံးကို ကုန်းလမ်း၊ ရေလမ်းတွေကနေ  မှောင်ခိုသွင်းယူခဲ့တာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။