မတူပီမြို့နယ်မှာ မြေမြှုပ်မိုင်းနင်းမိလို့ ဒေသခံသုံးဦး ဒဏ်ရာရ

ချင်းပြည်နယ် မတူပီမြို့နယ်ထဲက ရွာတချို့မှာ ဇူလိုင်လ ၆ ရက်နေ့နဲ့ ၈ ရက်နေ့တွေက ဒေသခံသုံးဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ် မတူပီမြို့နယ်တွင် မြေမြှုပ်မိုင်းနင်းမိခဲ့သည့် ဆိုင်ကယ်တစ်စီးကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် တွေ့ရစဉ်။ Citizen Photo

ချင်းပြည်နယ် မတူပီမြို့နယ်ထဲက ရွာတချို့မှာ ဇူလိုင်လ ၆ ရက်နေ့နဲ့ ၈ ရက်နေ့တွေက ဒေသခံသုံးဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၈ ရက်နေ့မှာ ၀လံတဲရွာက ဦးတွီမိုးနဲ့ ကုလားရွာက ဦးလောင်မန်းတို့ဟာ သူတို့ ရွာတွေအနီးမှာ မြေမြှုပ်မိုင်း နင်းမိခဲ့တာပါ။ မြေမြှုပ်မိုင်းကြောင့် နှစ်ဦးလုံး ခြေတစ်ဖက်စီ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၆ ရက်နေ့ကလည်း ကုလားရွာခံ ဦးခေါင်ဘွေးဟာ ရွာအပြင်မှာ မြေမြှုပ်မိုင်းနင်းမိလို့ ဒဏ်ရာရခဲ့ပါတယ်။

တိုက်ပွဲအတွင်းကျန်ခဲ့တဲ့ စစ်လက်နက်ပစ္စည်း အကြွင်းအကျန်တွေကြောင့် မိုင်းထိသူတွေများလာပြီး နောက်ထပ် ထိခိုက်မှာလည်း စိုးရိမ်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မတူပီမြို့မှာ မြေမြှုပ်မိုင်း စစ်ကျန်လက်နက်ပစ္စည်းအန္တရာယ်တွေ ကြောက်နေရတယ်။ တစ်ရွာနဲ့တစ်ရွာ သွားတဲ့လမ်းတွေ ပုံမှန်သွားနေကျလမ်းတွေတောင် မသွားရဲကြတော့ဘူး"

ဇွန်လ ၅ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ဒေသခံတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းသုံးနှစ်ကျော်အတွင်း ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ၃၆ ဦး သေဆုံးပြီး ၆၆ ဦး ဒဏ်ရာခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ က RFA ကို ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org