KIA နဲ့ PDF မီးရှို့တယ်ဆိုတဲ့ စစ်ကောင်စီစွပ်စွဲချက် KIA ငြင်းဆို

KIA နဲ့ PDF တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၂ ခုနှစ်အတွင်း ချင်း၊ စစ်ကိုင်း၊ မကွေးနဲ့ ကချင် ပြည်နယ်တို့မှာ အိမ်ခြေ ၅၀၀ ကျော်ပျက်စီးခဲ့တဲ့ဆိုတဲ့ စစ်ကောင်စီရဲ့ စွပ်စွဲချက်ကို KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ငြင်းဆိုလိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မူးကြီးရွာ မီးရှို့ခံထားရသည်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။ GZ Special Task Force - Wetlet

KIA နဲ့ PDF တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၂ ခုနှစ်အတွင်း ချင်း၊ စစ်ကိုင်း၊ မကွေးနဲ့ ကချင် ပြည်နယ်တို့မှာ အိမ်ခြေ ၅၀၀ ကျော်ပျက်စီးခဲ့တဲ့ဆိုတဲ့ စစ်ကောင်စီရဲ့ စွပ်စွဲချက်ကို KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ငြင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ နှစ်ဖက်တိုက်ပွဲတွေမှာ ရှုံးနိမ့်နေပြီဆိုရင် ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်တတ်ပြီး KIAနဲ့ PDF တွေကတော့ အဲလိုဗျူဟာမျိုး မသုံးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူ RFA ကို ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း ကချင်ပြည်နယ် လိုင်ဇာဘက်မှာ တိုက်ပွဲတွေငြိမ်နေပေမယ့် ဖားကန့်ဘက်မှာတော့ သုံးရက်ကို တစ်ကြိမ်လောက် တိုက်ပွဲတွေဖြစ်ပွားနေပြီး ဗန်းမော်၊ မိုးမောက်ဘက်မှာလည်း တိုက်ပွဲတွေရှိနေတယ်လို့ ပြောပါတယ်။

ဖားကန့်မြို့နယ်ဟာ စီးပွားရေးလုပ်ငန်းစုတွေတည်ရှိနေတဲ့ နေရာဖြစ်တာကြောင့် စစ်ကောင်စီအနေနဲ့ အသာစီးရဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ပြောပါတယ်။

KIA ရဲ့ ငြင်းဆိုမှုနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့က နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ ရက္ခိုင့်တပ်တော် AA နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယာယီအပစ်အခတ်ရပ်စဲလိုက်ပေမ.့် KIA ကိုတော့ ကြားဝင်စေ့စပ်ပြီး အပစ်ရပ်ဖို့ အကြောင်း ပြောလာတာမရှိသေးသလို ဒီလိုဖြစ်လာဖို့လည်း မရှိလောက်ဘူးလို့လည်း ပြောပါတယ်။

လူတစ်ရာကျော် သေဆုံးခဲ့ရတဲ့ အနန့်ပါလေကြောင်းတိုက်ခိုက်ခံရမှုအလွန်မှာ စစ်ကောင်စီတပ်တွေဟာ KIA နယ်မြေအတွင်း စစ်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန်လုပ်ဆောင်ခဲ့သလို မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org