ကယားပြည်နယ် မြေမြှုပ်မိုင်း ရှင်းလင်းရေး အမေရိကန် ကူညီမည်

မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Rick Barton ဦးဆောင်တဲ့အဖွဲ့ဟာ ကယားပြည် နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး ခေါင်းဆောင်တဲ့ ကယားပြည်နယ် အစိုးရအဖွဲ့နဲ့ လွိုင်ကော်မြို့မှာ ဒီကနေ့တွေ့ဆုံပြီး မြေမြှုပ်မိုင်းရှင်းလင်းရေး ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Rick Barton ဦးဆောင်တဲ့အဖွဲ့ဟာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး ခေါင်းဆောင်တဲ့ ကယားပြည်နယ် အစိုးရအဖွဲ့နဲ့  လွိုင်ကော်မြို့မှာ ဒီကနေ့တွေ့ဆုံပြီး မြေမြှုပ်မိုင်းရှင်းလင်းရေးကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

ကယားပြည်နယ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရတို့ကြား ပဋိပက္ခတွေကြောင့် ထောင်ထားတဲ့မြေမြှုပ်မိုင်းတွေ ပြန်လည်ရှင်းလင်းရေးလုပ်ငန်းတွေမှာ အမေရိကန်အစိုးရက ကူညီပေးမယ့် အစီအစဉ်တွေကို ဦးစားပေးဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်ဝင်းက RFA ကို အတည်ပြုပြောပါတယ်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Rick Barton နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell တို့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ KNPLF ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ကယားပြည်နယ် ယဉ်ကျေးမှုပြတိုက်တို့ကို သွားရောက်လည်ပတ်ခဲ့သလို ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မနေ့ကတော့ အမေရိကန်သံအရာရှိတွေဟာ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့အပါအဝင် ရန်ကုန်မြို့အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း တစ်ချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mr. Dereek Mitchell ဟာ မနေ့က ရန်ကုန်တက္ကသိုလ်ကိုသွားရောက်ပြီး နိုင်ငံတကာဆက်ဆံရေးဒီပလိုမာ ကျောင်းသားတစ်ရာကျော်ကို အာရှပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်နိုင်ငံမူဝါဒအကြောင်း ပထမဦးဆုံးအကြိမ် ဟောပြောရှင်းပြခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org