ကလေးမြို့က သီးခြားခွဲနေရင်း သေဆုံးသူမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့

စစ်ကိုင်းတိုင်း ကလေးမြို့မှာ Home Quarantine အိမ်တွင်းကန့်သတ်နေထိုင်သူ တစ်ဦး မနေ့ မနက်က သေဆုံးသွားပါတယ်။ အိမ်မှာ သီးခြားကန့်သတ် စောင့်ကြည့်ထားတဲ့ အသက် ၈၀ ကျော် အမျိုးသမီး သေဆုံးတာဖြစ်ပြီး အလောင်းကို စစ်ဆေးကြည့်တော့မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရတယ်လို့ ကလေးခရိုင် ပြည်သူ့ကျန်းမာရေးဌာနက ဒေါက်တာစန်းမောင်က ပြောပါတယ်။

ကလေးမြို့ ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတချို့ကို တွေ့ရစဉ်။ File Photo: RFA

စစ်ကိုင်းတိုင်း ကလေးမြို့မှာ Home Quarantine အိမ်တွင်းကန့်သတ်နေထိုင်သူတစ်ဦး မနေ့မနက်က သေဆုံးသွားပါတယ်။

အိမ်မှာ သီးခြားကန့်သတ် စောင့်ကြည့်ထားတဲ့ အသက် ၈၀ ကျော် အမျိုးသမီး သေဆုံးတာဖြစ်ပြီး အလောင်းကို စစ်ဆေးကြည့်တော့မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရတယ်လို့ ကလေးခရိုင် ပြည်သူ့ကျန်းမာရေးဌာနက ဒေါက်တာစန်းမောင်က ပြောပါတယ်။

ရောဂါအခံရှိတာကို သူ့မိသားစု ပိုသိမယ့်အကြောင်းလည်း ပြောပါတယ်။ ကွယ်လွန်သွားသူကို ကာယကံမေတ္တာအသင်းနဲ့ ပုညကုသလ အသင်းတို့က ဒိုးဝိုင်းချောင်းသုသာန်မှာ မီးသဂြိုလ်ပေးခဲ့ပါတယ်။

ကလေးမြို့မှာ အတည်ပြုလူနာ စုစုပေါင်း အယောက် ၃၀ ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၁၀ ဦးသေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org