နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်ကြောင့် သေဆုံးသူ ၇၅ ဦးရှိ

အခုလ ၁ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ စစ်ကောင်စီတပ်ကြောင့် သေဆုံးခဲ့သူ ၇၅ ယောက်ထဲမှာ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးရသူက ၄၁ ယောက်ပါဝင်တယ်လို့ ပြောပါတယ်။

တောင်ကုတ်မြို့နယ် ကင်းတောင်ရွာတွင် လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံအချို့အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့က တွေ့ရစဥ်။ Citizen Photo

နိုဝင်ဘာလအတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ကြောင့် သေဆုံးသူ ၇၅ ဦးရှိခဲ့ပြီး ရခိုင်ပြည်နယ်မှာ သေဆုံးသူ ၂၁ ဦးနဲ့ အများဆုံးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။

အခုလ ၁ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး (၃၁) ယောက် အမျိုးသား (၄၄) ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးခဲ့သူ ၇၅ ယောက်ထဲမှာ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးရသူက ၄၁ ယောက်ပါဝင်တယ်လို့ ပြောပါတယ်။

ဒီလထဲ အမျိုးသမီးနှစ်ယောက်၊ အမျိုးသား ၂၅ ယောက်လည်းဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အဖမ်းခံရသူတွေထဲ ပဲခူးတိုင်းက အများဆုံးပဲလို့ ပြောထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ နိုဝင်ဘာလ ၂၉ ရက်နေ့အထိ သေဆုံးခဲ့ရတဲ့ ပြည်သူပေါင်း ခြောက်ထောင် ရှိခဲ့ပြီလို့ AAPP က ပြောပါတယ်။

ဒီစာရင်းတွေဟာ လက်လှမ်းမှီသလောက်ကောက်ယူထားတာဖြစ်လို့ မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့လည်း ကြေညာထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org