မြန်မာ့လက်ဆောင်လုပ်ငန်း ဂျပန်ကျောင်းသားတွေ ကူညီမည်

မြန်မာနိုင်ငံရဲ့ အမှတ်တရ လက်ဆောင် ပစ္စည်းလုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေး အကူ အညီပေးဖို့ ဂျပန် တက္ကသိုလ်ကျောင်းသား အဖွဲ့ တစ်ဖွဲ့က စီစဉ်နေကြောင်း Japan Times သတင်း က ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းလုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေး အကူအညီပေးဖို့ ဂျပန် တက္ကသိုလ်ကျောင်း သားအဖွဲ့ တစ်ဖွဲ့က စီစဉ်နေကြောင်း Japan Times သတင်းက ဖေါ်ပြပါတယ်။

ဂျပန် တက္ကသိုလ်ကျောင်းသူ ကျောင်းသား ၇ ယောက် စုစည်းပြီး မြန်မာကျောင်းသားတွေနဲ့အတူ ပူးပေါင်းဆောင်ရွက် ကြမယ်လို့ သိရပါတယ်။

ပြုပြင်ပြောင်းလဲရေးတွေနဲ့အတူ ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်း တိုးတက်မှု အရှိန်အဟုန် မြန်ဆန် လာနေပေမဲ့၊ မြန်မာ့လက်ဆောင်ပစ္စည်း လုပ်ငန်းကဏ္ဍအနေနဲ့  အရေအတွက် တိုးတက်လာနေတဲ့ နိုင်ငံခြားခရီး သွားတွေရဲ့ လိုအင်ကို မဖြည့်ဆည်းနိုင်ဘဲဖြစ်နေတယ်လို့ ဂျပန်ကျောင်းသားတွေက ရှုမြင်ကြပါတယ်။

မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ ဂျပန်ကျောင်းသားတစ်ယောက်က သူ့အနေနဲ့ မြန်မာလက်ဆောင်တွေဝယ်ပြီး၊ ဂျပန်ကို သယ်သွားချင်ပေမဲ့၊ ဝယ်ချင်စရာကောင်းတဲ့ လက်ဆောင်မျိုး မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။

အဲဒါကြောင့် မြန်မာ့လက်ဆောင်မွန်ဖန်တီးရေးဆိုတဲ့ အစီအစဉ်နဲ့အတူ  ဂျပန်ကျောင်းသား ၇ ဦးအဖွဲ့ဟာ စက်တင်ဘာ ၁ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်ကြမှာဖြစ်ပါတယ်။

သူတို့ဟာ ရန်ကုန်စီးပွားရေးတက္ကသိုလ်က  မြန်မာကျောင်းသူကျောင်းသား ၁ဝ ယောက်နဲ့အတူ နိုင်ငံခြား ခရီးသွားဧည့် သည်တွေကို သူတို့လိုချင်နှစ်သက်တဲ့ လက်ဆောင်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းစုံစမ်းတဲ့  ဈေးကွက်သုတေ သန ဆောင်ရွက်ကြမယ်လို့ သိရပါတယ်။

စီးပွားရေးအချက်အခြာ နေရာတစ်ခုဖြစ်လာနိုင်တဲ့ မြန်မာနိုင်ငံအတွက်၊ နောင်မှာကြီးထွားလာမယ့် လုပ်ငန်းတွေက ဘာတွေဖြစ်တယ်၊ ဘယ်လိုအလုပ်မျိုးတွေ ထွန်းကားလာမယ်ဆိုတာတွေ ဒေသခံပြည်သူတွေ သိစေချင်ပါတယ်လို့ ဂျပန်ကျောင်းသားတစ်ယောက်က ပြောပါတယ်။

အဲဒီအစီအစဉ်ကို ဂျပန် IC Net ကုမ္ပဏီလီမိတက်က ကမကထပြု စီစဉ်ပေးတာဖြစ်ပါတယ်။ IC Net ဟာ ဂျပန်အစိုးရနဲ့ ထင်ရှားတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို နည်းပညာနဲ့ စီမံခန့်ခွဲမှုတွေ ဖြည့်ဆည်းပေးနေ တဲ့ အကြံပေး ကုမ္ပဏီ ဖြစ်ကြောင်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org