ဂျပန်နိပွန် ဖောင်ဒေးရှင်း ရှမ်းဒုက္ခသည်တွေကို ဆန်အိတ်ထောင်ချီထောက်ပံ့

ဂျပန်နိုင်ငံ အခြေစိုက် နိပွန် ဖေါင်ဒေးရှင်းက ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနယ်မြေ က ပြည်သူလူထုအတွက် မနေ့က ဆန်အိတ် ၂ဝဝဝ ကူညီထောက်ပံ့လိုက်တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံ အခြေစိုက် နိပွန်ဖေါင်ဒေးရှင်းက ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနယ်မြေက ပြည်သူလူထုအတွက် မနေ့က ဆန်အိတ် ၂ဝဝဝ ကူညီထောက်ပံ့လိုက်တယ်လို့ သိရပါတယ်။

အဲဒီဆန်အိတ် ၂ဝဝဝ ကို SSA မြောက်ပိုင်းအဖွဲ့က လားရှိုးမြို့မှာ မနေ့ညနေက လက်ခံလိုက်တဲ့အကြောင်း ကိုယ်တိုင်လက်ခံသူ ဗိုလ်မှူး စိုင်းလက ခုလိုပြောပါတယ်။

"ပေးတာက လားရှိုးမြို့ နတလရုံးမှာပေါ့နော်၊ နိပွန်ဖောင်ဒေးရှင်းက  ကိုယ်စားလှယ်တစ်ယောက်ရယ်၊ မြန်မာငြိမ်းချမ်းရေးစင်တာက ကိုယ်စားလှယ်တစ်ယောက်ရယ်၊ နောက် ကျနော်ပေါ့နော်၊ ဆန်အိတ်က ၂ ထောင်လေ၊ မနေ့ညနေ ၄ နာရီလောက်က ကျနော်လက်မှတ်ထိုးပြီးတော့ လက်ခံလိုက်တာ"

အဲဒီဆန်အိတ်တွေကို SSPP/SSA အဖွဲ့ရဲ့ မ်ဟိုင်းဌာနချုပ် အနီး န်းကျင်မှာရှိတဲ့ ပြည်သူလူထုကို ပြန်လည်ဖြန့်ေသွားမှာ ဖြစ်တဲ့အကြောင်း သူက ဆက်လက်ပြောပြပါတယ်။

"အဲဒီဆန်အိတ်တွေက ဝမ့်ဟိုင်း ကျနော်တို့ဌာနချုပ် ဘုန်းကြီးကျောင်းကို သယ်သွားမှာပေါ့နော်၊ အဲဒီကနေပြီးတော့ မိုင်းရှူးမြို့နယ်၊ မိုင်းနောင်မြို့နယ်၊ နောက် ကျေးသီးမြို့က ကျပ်တည်းတဲ့ပြည်သူလူထုပေါ့နော်၊ စစ်ဘေးရှောင်တော့ မဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒေသခံတွေက တိုက်ပွဲစဖြစ်ကတည်းက သူတို့လည်း ဒုက္ခရောက်နေတဲ့လူထုတွေပေါ့"

အဲဒီဒေသမှာ စစ်ရေး အခြေအနေကြောင့် လုပ်ကိုင် မစားသောက်နိုင်တဲ့ လူဦးရေ ထောင်ချီရှိနေပြီး နိပွန် ဖေါင်ဒေးရှင်းက ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့င်တွေကို အခုလို အကူအညီပေးမယ်ဆိုတာ လွန်ခဲ့တဲ့ သုံးလေးလကတည်းက သဘောတူထားတာဖြစ်ပါတယ်။

တခြားအဖွဲ့တွေကိုတော့ ကူညီထောက်ပံ့ပေးပြီးဖြစ်ပေမယ့် SSPP/SSA အဖွဲ့ကို အခုမှ အကူအညီပေးတာဖြစ်တယ်လို့လဲ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

အဲဒီဒေသကို နိပွန်ဖေါင်ဒေးရှင်းအဖွဲ့က ကူညီပေးတာ ပထမဆုံးဖြစ်ပြီး တခြားဘယ်အဖွဲ အစည်းမှ အခုလို ကူညီတာမရှိသေးဘူးလို့လဲ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org