နှစ်နိုင်ငံ အကျိုးတူ သဘောတူချက်များ လက်မှတ်ရေးထိုး
သမ္မတကြီး ဦးသိန်းစိန်နဲ့ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းတို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူညီချက် ၂ ချက်နဲ့ နားလည်မှု စာချွန်လွှာ ၁၀ ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
-
2012-05-28 -
-
-
သဘောတူညီချက် ၂ ခုက မြန်မာနဲ့ အိန္ဒိယကြား လေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ အိန္ဒိယနိုင်ငံက ကာကွယ်ရေးနဲ့ သုတေသန လေ့လာရေးဌာနနဲ့ မြန်မာနိုင်ငံက မဟာဗျူဟာနဲ့ နိုင်ငံတကာရေးရာ လေ့လာရေးဌာနတို့အကြား
ပူးပေါင်းဆောင်ရွက်ရေး ဖြစ်တယ်လို့ ဆိုပါတယ်။
နားလည်မှှု စာချွန်လွှာတွေထဲမှာ အိန္ဒိယအစိုးရက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချေးငွေပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံမှာ အိုင်တီ နည်းပညာတက္ကသိုလ်တခု ဖွင့်လှစ်နိုင်ရေးအတွက် ကူညီရေး၊ နေပြည်တော်မှာ စပါးစမ်းသပ် စိုက်ပျိုးရေးအတွက် ကူညီရေး အပါအဝင်၊ ဒဂုံတက္ကသိုလ်နဲ့ ကာလကတ္တား တက္ကသိုလ်အကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် မန်မိုဟန်ဆင်းဟာ မနက်ဖြန်မှာ ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပြီး မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။