ရခိုင်အတွက် လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းမည်

ရခိုင်ပြည်နယ်မှာ အာဆာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှု နောက်ပိုင်းဖြစ်ပေါ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုများနဲ့ ဆက်နွယ်တဲ့ကိစ္စတွေကို စုံစမ်းစစ်ဆေးဖို့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခု ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတရုံးက မနေ့က ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံ သမ္မတရုံးက လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခု ဖွဲ့စည်းသွားမယ့် ကြေညာချက် တစိတ်တပိုင်းကို တွေ့ရစဉ် Photo: Myanmar President Office

ရခိုင်ပြည်နယ်မှာ အာဆာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှု နောက်ပိုင်းဖြစ်ပေါ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုများနဲ့ ဆက်နွယ်တဲ့ကိစ္စတွေကို စုံစမ်းစစ်ဆေးဖို့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခု ဖွဲ့စည်းသွားမှာဖြစ် တယ်လို့ ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတရုံးက မနေ့က ကြေညာလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ ပြီးခဲ့တဲ့ မေလဆန်းက  မြန်မာနိုင်ငံကို လာရောက်သွားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ တောင်းဆိုထားသလို တခြားအပြည်ပြည်ဆိုင်ရာ အဖွဲ့တွေရဲ့ တောင်းဆိုချက်အတိုင်း မြန်မာအစိုးရက ဆောင်ရွက်လိုက်တာဖြစ်ပါတယ်။

အခုဖွဲ့စည်းတဲ့ကော်မရှင်ကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် အကောင်အထည်ဖော်ရေး ကော်မတီရဲ့ အကြံပေး အဖွဲ့ရဲ့ ကြားဖြတ်အကြံပြုချက်တွေကိုပါထည့်သွင်းပြီး ဖွဲ့စည်းဖို့ ဆုံးဖြတ်တာဖြစ်တယ်လို့ သမ္မတရုံးရဲ့ ထုတ်ပြန်စာမှာ ရေးထားပါတယ်။

ကော်မရှင်မှာ နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦးအပါအဝင် အဖွဲ့ ၃-ဦး ပါဝင်မှာဖြစ်ပြီး ကော်မရှင်အား ပြည်တွင်းနှင့် နိုင်ငံတကာမှ ဥပဒေနှင့်နည်းပညာကျွမ်းကျင်သူများက ပံ့ပိုးမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org