ခိုးဝင်သူတွေကို စိစစ်ဖော်ထုတ်သွားမယ်လို့ လဝက၀န်ကြီးပြော

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ အညီ မြန်မာနိုင်ငံမှာ မွေးဖွားသူနဲ့ ခိုးဝင်လာသူတွေကို စိစစ်ဖေါ်ထုတ်သွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဒီနေ့ ရခိုင်ပြည် နယ် မောင်တောနဲ့ မြေပုံမြို့က ရပ်မိရပ်ဖတွေနဲ့တွေ့ဆုံစဉ် ရှင်းပြခဲ့ပါတယ်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ မြန်မာနိုင်ငံမှာ မွေးဖွားသူနဲ့ ခိုးဝင်လာသူတွေကို စိစစ်ဖေါ်ထုတ်သွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဒီနေ့ ရခိုင်ပြည်နယ် မောင်တောနဲ့ မြေပုံမြို့က ရပ်မိရပ်ဖတွေနဲ့တွေ့ဆုံစဉ် ရှင်းပြခဲ့ပါတယ်။

ဒီနေ့တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မြေပုံမြို့ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသန်းညွန့်က ဝန်ကြီး ဦးခင်ရီ ရှင်းပြခဲ့တာကို အခုလို ပြန်ပြောပြပါတယ်။

“၈၂ ခုနှစ် ဥပဒေကို အကောင်အထည်ဖော်ပြီးရင် ဒီကလား၊ တခြားနိုင်ငံက ခိုးဝင်လာတဲ့လူလားဆိုတာ အဲဒါကို သူတို့ကနေပြီးတော့ ဥပဒေက အကောင်အထည်ဖော်ပြီး စိစစ်သွားမယ်လို့ပြောပါတယ်”

၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေအတိုင်း ပေါက်တောနဲ့ မြေပုံမြို့နယ်တွေမှာ ဘယ်တော့အကောင်အထည်ဖေါ်မလဲဆိုတာကိုတော့ အတိအကျ မပြောသေးဘူးလို့ သိရပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနဲ့အတူ ရခိုင်ပြည်နယ် ခရီးစဉ်တလျှောက်လိုက်ပါနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell၊ ဆွစ်ဇာလန် သံအမတ်ကြီးတို့ကလည်း  ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို လူမျိုး၊ ဘာသာမခွဲခြားဘဲ အကူအညီတွေ ဆက်လက်ပေးသွားမယ်လို့ ပြောကြားခဲ့ကြောင်း တွေ့ဆုံပွဲတက်ရောက်ခဲ့သူတွေက ပြောပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်တို့အဖွဲ့ဟာ မနေ့က စစ်တွေမြို့မှာ မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေ၊ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံပြီး လူဦးရေ စာရင်းကောက်ခံတာကို ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

ဒါ့အပြင် မနေ့ညနေပိုင်းကလည်း စစ်တွေမြို့မှာ ရခိုင်တိုင်းရင်းသား ရပ်မိရပ်ဖတွေ၊ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတချို့နဲ့ စစ်တွေဟိုတယ်မှာ သီးခြားစီတွေ့ဆုံပြီး ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင် လူ့အဖွဲ့အစည်း နှစ်ဘက်ပြန်လည်သင့်မြတ်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org