စပါး တရားမဝင်တင်ပို့မှုတွေ ဖမ်းဆီးအရေးယူ

နယ်စပ်ကနေ တရုတ်ပြည်ကို စပါးတွေ တရားမဝင် တင်ပို့နေတာတွေကို ဖမ်းဆီးအရေးယူတာတွေ စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် ကို တွေ့ရစဉ် Photo: Kan Thar/ RFA

နယ်စပ်ကနေ တရုတ်ပြည်ကို စပါးတွေ တရားမဝင် တင်ပို့နေတာတွေကို ဖမ်းဆီးအရေးယူတာတွေ စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။

တရုတ်နိုင်ငံကို စပါးတရားမဝင်တင်ပို့နေတာတွေ ဒီနှစ်ပိုင်းမှာ ပိုပြီးများလာတဲ့အတွက် အရေးယူပေးဖို့ဆိုပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတို့ကို အကြောင်းကြားထားပြီးနောက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့က စပါးတရားမဝင် တင်ပို့တဲ့ ယာဉ် ၁၇ စီးကို ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ တရုတ်နိုင်ငံကို တရားမဝင်ပို့ဖို့အတွက် ယာဉ် ၁၇ စီးနဲ့ သယ်ဆောင်လာတဲ့ စပါးအိတ်ရေ ၃ ထောင် ကျော်ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သက်ဆိုင်ရာဌာနတွေက ဥပဒေနဲ့အညီ အရေးယူထား တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကထွက်တဲ့ စပါးကို ပြည်ပတင်ပို့ရောင်းချခွင့် အစိုးရကပိတ်ပင်ထားတာကြောင့် တရုတ်နိုင်ငံကို မှောင်ခိုလမ်းကြောင်းကနေ တင်ပို့ရောင်းချနေကြတာပါ။

ဒီနှစ်မိုးစပါးပေါ်ခါစ အောက်တိုဘာလဆန်းမှာပဲ တရုတ်ကုန်သည်တွေက ပြည်တွင်းအထိ ဝင်ရောက်ပြီး တောင်သူတွေဆီကနေ စပါးတွေဝယ်ယူတာတွေရှိနေသလို ပြည်တွင်းကုန်သည်ပွဲစား တချို့ကလည်း မှောင်ခိုလမ်းကြောင်းကနေ တရုတ်ပြည်ကို တင်ပို့တာတွေရှိနေတယ်လို့ ဆန်စက်လုပ်ငန်းရှင်တွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org