အင်းစိန်မှာ ကျူးကျော်ရပ်ကွက်သားတွေ လမ်းလျှောက်ဆန္ဒပြ
ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဒညင်းကုန်း၊ အောင်ဆန်း၊ စဉ့်ငူနဲ့ ဖော့ကန် ရပ်ကွက်မှာနေထိုင်တဲ့ ကျူးကျော်အိမ်ပိုင်ရှင် တစ်ရာကျော်က လက်ရှိနေရာတွေမှာ ဆက်လက်နေထိုင်ခွင့်ပြုဖို့ ဒီနေ့ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
-
2013-08-30 -

ဆန္ဒပြသူတွေဟာ အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် ပုလဲလမ်းကနေ အင်းစိန်စည်ပင်သာယာရုံးရှေ့အထိ ချီတက်ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြသူတစ်ဦးဖြစ်သူ ကိုဇော်လင်းက သားသမီးတွေ ကျောင်းတက်နေတဲ့အချိန်ဖြစ်တာကြောင့် ပြောင်းရွှေ့ဖို့ အခက်အခဲ ရှိကြောင်း ပြောပါတယ်။
"စည်ပင်က သူတို့ ဖျက်ဖို့ ပြုဖို့ စာတွေကပ်တယ်ဗျ။ကျွန်တော်တို့က ကျောင်းသားတွေ ရှိတော့ ကျောင်းပိတ်တဲ့ အထိ နေစေချင်တယ်။ကြားထဲမှာ ပြောင်းရွှေ့ရမယ်ဆိုရင် ကျွန်တော်တို့ အိုးမဲ့အိမ်မဲ့ ဒုက္ခတော်တော်ရောက်မယ်ခင်ဗျ။"
ဆန္ဒပြကြသူတွေဟာ ကျူးကျော်အိမ်တွေကို ဖျက်မယ်ဆိုရင် အကုန်ဖျက်ပေးဖို့၊ ကျူးကျော်နေအိမ် ပြည်သူတွေကို မဲထည့်ခိုင်းတာဘယ်သူတွေလဲ၊ မြန်မာနိုင်ငံသားတွေဟာ ကျူးကျော်တာမဟုတ်ပါ၊ နေစရာမရှိလို့ပါ စတဲ့စာတမ်းပါ ပိုစတာတွေကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။