ကျောက်စိမ်းအရိုင်းတုံးတွေ တရားမဝင် သယ်ဆောင်သူတွေကို ဖမ်းဆီးအမှုဖွင့်
ကချင်ပြည်နယ် ဖားကန့်ကနေ ကျောက်စိမ်း အရိုင်းတုံးတွေကို တရားမဝင် သယ်ဆောင် လာတဲ့ ယာဉ် ၉ စီးကို မိုးညှင်းမြို့နယ်အတွင်းမှာ ပြီးခဲ့ တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဖမ်းဆီးရမိပြီး သယ်ဆောင်လာသူ ၂၀ ကျော်ကို ကျောက်မျက်ဥပဒေ ပုဒ်မ ၄၂ နဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။
-
2017-02-14 -
-
-
ကချင်ပြည်နယ် ဖားကန့်ကနေ ကျောက်စိမ်းအရိုင်းတုံးတွေကို တရားမဝင် သယ်ဆောင်လာတဲ့ ယာဉ် ၉ စီးကို မိုးညှင်းမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဖမ်းဆီးရမိပြီး သယ်ဆောင်လာသူ ၂၀ ကျော် ကို ကျောက်မျက်ဥပဒေ ပုဒ်မ ၄၂ နဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ကျောက်စိမ်းအရိုင်းတုံး အရွယ်အစားမျိုးစုံကို ကား ၉ စီး ရဲ့ အောက်ခင်းကြမ်းပြင်မှာ ဝှက်ပြီးသယ်ဆောင်ခဲ့သူတွေ ကို ဖမ်းမိထားတာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံး က ဒုတိယရဲမှူးကြီး မျိုးသူရနောင် က အခုလိုပြော ပါတယ်။
"ကားရဲ့ကြမ်းခင်းအောက်ထဲကို အံဝှက်တွေလုပ်ပြီးတော့မှ သယ်လာတာ၊ သယ်တဲ့အဖွဲ့တွေကို အမှုဖွင့်ထားတယ်၊ ဒီကျောက်တွေရဲ့ အလေးချိန်ဘယ်လောက်ဆိုတာတော့ ကျနော်တို့မသိရသေးပါဘူး"
မိုးညှင်းနယ်မြေခံတပ်မတော်က နောက်ထပ်ဖမ်းမိတာတွေရှိတဲ့အတွက် လောလောဆယ်မှာ အရေအတွက် အတိအကျကိုအတည်မပြုနိုင်သေးကြောင်းနဲ့ ဖမ်းဆီးရမိပြီး စစ်ဆေးနေတဲ့ အခြေအနေတွေကိုသာ အတည်ပြုနိုင်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးဒီဆင်းရမ်က ပြောပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသကနေ တရားမဝင်ကျောက်စိမ်းသယ်ယူမှုကြောင့် မကြာခဏဖမ်းဆီးရမိမှုတွေ ရှိနေရာ အများစုဟာ တရုတ်ပြည်ဘက်ကို နည်းလမ်းမျိုးစုံနဲ့ တရားမဝင် သယ်ထုတ်နေကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းကလည်း ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း ဝိုင်းမော်မြို့ကနေတဆင့် တရုတ်ပြည်ဘက် တရားမဝင်သယ်ဆောင်မဲ့ ကျောက်စိမ်းအရိုင်းတုံး တန်ချိန် လေးဆယ်ကျော်ကို ဖမ်းဆီးရမိခဲ့ပါတယ်။